Saturday 17 July 2010

အာလူးနဲ့ ညစာ

အာလူးနဲ့ ညစာ

လူတကိုယ်အကြိုက်တမျိုးမို့ 
သူကြိုက်တာ..ကိုယ်မကြိုက်လို့ 
အပြစ်မပြောသာတယ်
အာလူးဆိုလေတွေပွတယ်လို့ 
မျိုးရိုးနဲ့ သမိုင်းရှိခဲ့တယ်

မယ်ငဖြူ..လူပေညစ်ရယ်က
အာလူးဆိုဖုတ်ကာစားသတဲ့
ညအိပ်ခါနီးမှာကွယ်

မျိုးရိုးကိုသွေဖီလို့ 
အာလူးဆိုသူကြိုက်သတဲ့
လေနာဆိုတာဝေလာဝေး
ညစာလိုကြိတ်နေတယ်

ခက်ပါတယ်
အမြင်သစ်နဲ့ မို့ 
သူ့ ဟာသူအဆင်ပြေရင်ပြီးရောလို့ 
ကိုယ့်စိတ်ကိုယ်နှစ်သိမ့်လိုက်တယ်

မယ်ငဖြူလူပေညစ်ရယ်
ထမင်းတွေမနပ်တာမို့ 
ကြိတ်လိုက်ပါ..အာလူးနဲ့ 
မင်း.. ညစာပြီး။



Saturday 10 July 2010

ကြောင်အိမ်၊ ဘီဒိုနဲ့ ဘီတိုအာဏာ

ကြောင်အိမ်၊ ဘီဒိုနဲ့ ဘီတိုအာဏာ

အလှမ်းဝေးပေမဲ့
ဝမ်းရေးကခက်တာကြောင့်
ဝေးရပ်မှာကြုံသလိုပ
ရေကြည်ရာရှာနေခဲ့တယ်
ကိုယ်မစားတဲ့မြက်နုကိုတော့
မွေးရပ်မှာထားခဲ့။

ကမ္ဘာ့ရွာခေတ်ရောက်ပြီမို့ 
ကြပ်ပြေးမှာကြွက်တွေပြေးတဲ့သတင်း
ချက်ချင်းဆိုသလိုဖတ်လိုက်မိတယ်။

တနွယ်ငင်တစင်ပါတွေးမိသလိုပါ့
ပလိပ်ရောဂါသယ်ကြွက်တွေအရေး
အာရုံမှာဘလောင်ဆူလို့ 
တွေးပူမိတယ်။

မွေးရပ်ကသံယောဇဉ်တွေကို
သတိပေးစကားနဲ့ 
ထမင်းဟင်းပန်းကန်လုံခြုံစွာသိမ်းရအောင်
ကြောင်အိမ်အ၀ယ်ခိုင်းမိတယ်။

ဈေးအမြန်ပြေးဝယ်ကာပြန်ခဲ့ တော့
ဝယ်ခဲ့တာကြောင်အိမ်ပေမဲ့ 
အလူမီနီယမ်တူတူတန်တန်လှနေတာကြောင့်
အိမ်ကအမေဆူညံလို့ 

ဟင်းပန်ကန်ထဲ့ရန်မတန်ပြီဆုံးဖြတ်တာကြောင့်
ကြောင်အိမ်မှာဘ၀ပြောင်းကာ
အ၀တ်ဘီဒိုဖြစ်ခဲ့ ရသတဲ့

သြော်..ဘယ်သူ့ ကိုအပစ်တင်ရမလဲ
ကြောင်အိမ်နဲ့ ဘီဒိုဇတ်လမ်းရပ်စေဖို့ 
ကြံဖန်ကာရွှေဥာဏ်ကူလို့ 
မတူမတန်.ဟန်မလှတဲ့
ရွာသူသဏ္ဍာန်
ကြောင်အိမ်ငယ်နောက်တစ်လုံးကိုလ
ဝယ်ယူကာသူတို့ သုံးစေဖို့ 
ဘီတိုအာဏာသုံးကာ
ဝေးမြေမှတောင်းဆိုလိုက်တယ်
ဘေးကင်းစေကြောင်း။


ဒူဘိုင်းမှ ကဗျာဆရာမတစ်ဦး၏ လက်ရာကြမ်းဖြစ်ပါသည်။ အပန်းပြေဖတ်နိုင်ကြစေဖို့ ပါခင်ဗျား............