Saturday 17 July 2010

အာလူးနဲ့ ညစာ

အာလူးနဲ့ ညစာ

လူတကိုယ်အကြိုက်တမျိုးမို့ 
သူကြိုက်တာ..ကိုယ်မကြိုက်လို့ 
အပြစ်မပြောသာတယ်
အာလူးဆိုလေတွေပွတယ်လို့ 
မျိုးရိုးနဲ့ သမိုင်းရှိခဲ့တယ်

မယ်ငဖြူ..လူပေညစ်ရယ်က
အာလူးဆိုဖုတ်ကာစားသတဲ့
ညအိပ်ခါနီးမှာကွယ်

မျိုးရိုးကိုသွေဖီလို့ 
အာလူးဆိုသူကြိုက်သတဲ့
လေနာဆိုတာဝေလာဝေး
ညစာလိုကြိတ်နေတယ်

ခက်ပါတယ်
အမြင်သစ်နဲ့ မို့ 
သူ့ ဟာသူအဆင်ပြေရင်ပြီးရောလို့ 
ကိုယ့်စိတ်ကိုယ်နှစ်သိမ့်လိုက်တယ်

မယ်ငဖြူလူပေညစ်ရယ်
ထမင်းတွေမနပ်တာမို့ 
ကြိတ်လိုက်ပါ..အာလူးနဲ့ 
မင်း.. ညစာပြီး။



No comments:

Post a Comment