Saturday 20 August 2011

ကျော်လွန်ခဲ့သော မွေးနေ့ အတွက်..... For My Sis.

(မယ်လမင်းရဲ့ မွေးနေ့ လက်ဆောင်ကဗျာ)

မယ်ဖြူရယ်ကပိန်ညှောင် ပင်ဝါးရုံလေယူတိမ်းသလို
ယိမ်းနွဲ့ မောက်တောင်။
ထမင်းရယ်ဆာ အခါခါသူညည်း
ယခုပင်စားတာပြီးလည်း
မေ့လျော့ကာညည်း။

အစစ်အဆေးရယ်ထူပြန်
ရွှေညာသူအဒေါ်ကြီး
အကြံကုန်ခေါင်းတွေနောက်လို့ 
လက်လန်ကာ အညာပြန်ပြေးတယ်
မပုလိပ်အံ့မခန်း။


သူထွင်ကာအတတ်ဆန်းပုံက
သင်ရိုးစာကြေယုံမက
ပန်းချီပုံ လက်တွေ့ စမ်းတယ်
ခုန်ပျံတာကျားကြီးခြေရာမကြီးလို့ 
မယ်နီမှာနဖူးပေါက်တယ်..သွေးထွက်လို့ မပြီး။

လူပုံကပျော့စိစိနဲ့ တစက်ကယ်အငြိမ်မနေ
မျောက်ရှုံးကိုမထိန်းနိုင်လို့ 
မွေးသဖခင် နီကိုရှရိတ်ရတယ်
တနာရီ ငြိမ်ငြိမ်နေယုံနဲ့ လိုချင်တာဝယ်လို့ ပေးမယ်
အိမ်ဒရေ သံပတ်တလားနဲ့ ထိမ်းသိမ်းလို့ ကောင်း။

၆တန်းကိုရောက်ပြန်တော့
လက်ဖက်နှမ်းကို နယ်ကာပါ့
လက်ရန်းပေါ် ခိုးကာပုံလို့ 
လူမသိခင်တင်ကာမြှောက်တယ်
နတ်သကြားနဲ့ ကိုကြီးကျော်ရယ် မှိုင်းမစေကြောင်း။

အားကိုးစရာသူလည်ဝယ်ပုံက
သတင်းစာရောင်းခါနီးရင်
ကျောက်ခဲတွေခိုးကာထဲ့ လို့ 
အပနား ကိုတပတ်ရိုက်တယ်
အငိုက်မိတဲ့အကြောင်း။

ဝါသနာကပါလာ
ဘယ်လိုပင်ထိမ်းသော်ငြား မတတ်စွမ်းနိုင်ပါ
နတ်ဆိုင်းသံကြားရင်ဖြင့်စိတ်မထိန်းနိင်
ခုန်ကာကချင်လို့ 
သူ့ ခမျာခိုးကာကတယ် ကိုကြီးကျော်ယိမ်း။

အတူတူဖြတ်သန်းခဲ့
ငယ်ဘ၀အထွေထွေ
မယ်ဖြူရယ်လူလားမြောက်တော့
ခါချဉ်လို အားမသန်ပေမဲ့ ..အိမ်ဝန်ကိုသူကူထမ်းတယ်
စူပါဝူးမန်း။

တော်သေးပြီလေ ငယ်ကျိုးနာဖော်အပြီး
ပျော်ရွှင်စွာဆုတောင်းကာပေးမယ်
မယ်ဖြူရယ် ဒီဘတ်ဒေးမှသည်
အနှစ်တရာချမ်းမြေ လို့ 
ဆင်ခန်နာဝက်ကိုယ်လုံးနဲ့ လှပစေကြောင်း။

(အစ်မတော် မယ်လမင်း)


အမှန်တော့ မွေးနေ့ က ပြီးခဲ့တဲ့ ကြာသာပတေး ၁၈ ရက်နေ့ ကထည်းက ကျော်လွန်ခဲ့ပါပြီ။ အဲ့သည်နေ့ က ကျနော်လည်း ဘာရှုပ်နေမှန်းမသိ၊ ကျန်တဲ့ မောင်နှမတွေလည်း ဘာတွေ ရှုပ်နေမှန်း မသိဖြစ်နေမယ် ထင်ပါတယ်။ အဲ..... သူကတော့ ကျနော်တို့ မွေးနေ့  အိမ်က အဖေ အမေတွေ မွေးနေ့ ဆို အမြဲ သတိရတတ်ဆုံးပါပဲ။ အဆိုးဆုံးကတော့ ကျနော်....... ကိုယ့်မွေးနေ့  တောင် ကိုယ်သတိမထား မိတတ်တာ အမြဲပါပဲ။ မွေးနေ့ တွေကလည်း များသကိုး၊ တစ်ကယ့်မွေးနေ့ ၊ ကျောင်းအပ်တဲ့မွေးနေ့ ၊ နိုင်ငံသားမှတ်ပုံတင်က မွေးနေ့ ၊ ပြင်ရင်း ပြင်ရင်း ပိုရှုပ်သွားတဲ့မွေးနေ့  အဲ့လိုတွေ ဖြစ်နေလေတော့ အစစ်ကို ကိုယ့်ဖာသာ မနည်း သတိထား ရတတ်ပါတယ်။

ကဲ ........ ကျနော့်ရဲ့ အစ်မတော် ရိုးရိုး ရဲ့ မွေးနေ့  (ပြီးခဲ့သော) အတွက် ဆုတောင်းပေးလိုက်ပါတယ်။ မွေးနေ့  မှသည် နောင်နှစ်ပေါင်းများစွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်စွာနဲ့  ဖြတ်သန်းနိုင်ပါစေ။ ယူကေမှာ အလုပ်အကိုင် များလည်း ပိုမို အဆင်ပြေပါစေ။ အရေးတော်ပုံတွေလည်း အဆင်ပြေပြေနဲ့  ပြီးစီးပြီး ငြိမ်းချမ်းစွာ နေထိုင် လုပ်ကိုင်နိုင်ပါစေ...... ဟဲဟဲ..... မုန့် ဖိုးလည်း များများ ပေးနိုင်ပါစေ... (ဒါအရေးကြီးဆုံး မဟုတ်လား ....ဟိ)


မြန်မာပြည်မှာတုန်းကတော့ အိမ်သားတစ်ယောက်ယောက် ရဲ့ မွေးနေ့  ဆို အိမ်မှာ အမေနဲ့  အစ်မကြီး အစ်မ လတ်တို့  ဒိုင်ခံ ဆွမ်းလောင်း၊ ဆွမ်းကပ် ကြပါတယ်။ မာတာမိခင်က နေ့  စဉ်ဆိုသလို မနက်တိုင်းဆွမ်းခံကြွ လာတဲ့ ကျောင်းပေါင်းများစွာ အတွက် ဆွမ်း၊ ဟင်း လောင်းလှူနေကျပါပဲ။ အဲ... မွေးနေ့  လိုနေ့ မျိုး ဆိုရင်တော့ ဖွယ်ဖွယ်ရာရာလေးတွေ ပိုမို ချက်ပြုတ်ပြီး ဆွမ်းလောင်းလှူတဲ့ အပြင် မိသားစု အစဉ် အဆက် ကိုးကွယ်ခဲ့တဲ့ ဘုန်းကြီးကျောင်းနဲ့  ကျနော်တို့  အမျိုး တွေ ရှိတဲ့ ကျောင်းကို ဆွမ်းချိုင့်ပို့ ခြင်း၊ ဆွမ်းကပ်ခြင်း တွေ တတ်နိုင်သလောက် ပြုလုပ်ကြပါတယ်။

ညနေပိုင်းဆိုရင်တော့ သာကူကျို၊ မုန့် လက်ဆောင်း စတဲ့ တနိုင် မုန့် တွေ လုပ်ပြီး ရပ်ကွက်ထဲ က အိမ်တွေ ဝေငှခြင်း၊ တူလေးတွေရဲ့ သူငယ်ချင်း ကလေးတွေ အိမ်မှာ စုရုံးပြီး ပျော်ပျော်ရွင်ရွင် စားစေခြင်း များ လုပ်တတ်ပါတယ်။ အခြားမိသားစုတွေမှာလည်း ကိတ်မုန့် တွေ ခွဲပြီး မျက်နှာကို သုတ်ကြတာ ပျော်ပျော်ရွင်ရွင် နဲ့  ၀င်နွှဲ ခဲ့ဖူးပါတယ်။ ကဲ..... မိသားစု ဒိုင်ယာရီက မိသားစု မွေးနေ့  ပွဲလေးမှာ အပျော်ဓါတ်လေးတွေ ကူးယူ သွားကြပါဦးလို့  ဗျာ။

ပုံ/

(အငယ်ဆုံး အချောဆုံး) (...အလင်းစက်များ)

Thursday 18 August 2011

ခံစားရမိတဲ့နေ့ တွေ နေ့ တွေ.......

ကောင်းကင်နဲ့ မြေကြီးထိမဲ့နေ့ ဟာ............ ကမ္ဘာပျက်မဲ့နေ့ ။
တတိုင်းပြည်လုံးချမ်းသာလိုက်တာ….............အိမ်မက်ထဲကနေ့ ။

ဒေါ်လာဈေးအကြောင်းကြားနေရတာ…...........သည်းချေပျက်တဲ့နေ့ ။
ခေတ်မှီဖွံ့ ဖြိုးတိုးတက်နေတာ..............သတင်းစာထဲကနေ့ ။

ဧရာဝတီဟာဒဏ်ရာများစွာ.................ငိုသံတွေနဲ့ နေ့ ။


ချီးဘရိန်းတွေရှေ့ရောက်နေတာ…...............နာကျင်ခံခက်နေ့ ။
ပြောချင်သမျှပါးစပ်ပိတ်ရတာ.............ပြိတ္တာဖြစ်တဲ့နေ့ ။

ဆန်တပြည် ဆယ်ပြားဆိုတာ.............သေဆုံးခဲ့သောနေ့ ။
အင်္ကျီတထည်ပြားနှစ်ဆယ်….........၀ယ်ကာဝတ်မဲ့နေ့ ။

ခေတ်ကိုအမှီလိုက်နေရတာ…...........ကုန်ဈေးနှုန်းရဲ့ နေ့ ။


မယ်လမင်းတရုတ်အဖေလုပ်တာ..........အမြတ်ထုတ်တဲ့နေ့ ။
အိန္ဒယကုလားသွားပြီးဖားတာ….......သူတောင်းစားဖြစ်မဲ့နေ့ ။

မိန်းကလေးတွေကြက်တန်းရောက်တာ….........ငရဲထဲကနေ့ ။
အေကိုက်သူတွေများလာလိုက်တာ...........ခေတ်မှီနေတဲ့နေ့ ။

နွားနဲ့ ဆုံသုံးလျှပ်စစ်ထုတ်တာ…........တိရိစ္ဆာန်ညှင်းပမ်းနေ့ ။


ကြက်ဆူပင်စိုက်လုံ့ လစိုက်ပါ….........ရူးရူးမိုက်မိုက်နေ့ ။
နာဂစ်မုန်တိုင်းခံလိုက်စမ်းပါ............လည်စင်းပေးရတဲ့နေ့ ။
တာဝန်သိသူဝိုင်းလို့ ကူ….............လှူသမျှခိုးတဲ့နေ့ ။

နာရေးကူသူအမြဲငြူဆူ….............စိတ်ယုတ်တွေရဲ့နေ့ ။
အမှန်တရားပြောပါများ.............ထောင်ထဲရောက်မဲ့နေ့ ။

ဆင်းရဲမွဲတေတိုက်ဖျက်နေ..............ပြောင်သလင်းခါတဲ့နေ့ ။
အိမ်ကြက်အချင်းချင်းအိုးမဲသွင်း…..........ခွပ်နေကြတဲ့နေ့ ။

အများငြူဆူအရှက်မကူ... ............လူလိမ်ကြီးများနေ့ 
လိမ်ညာပြောကြားမဟုတ်တရား.............လျှာအရိုးမရှိနေ့ ။
ဂဲပစ်ဒုတ်ပစ်ရေဗူးပစ်...........အရှက်ကွဲတဲ့နေ့ ။


စာရိတ္တအမှန်ထုတ်ဖော်ပြန်.........…နာမည်ဆိုးတဲ့နေ့ ။
အင်တာနှေးတွေအသုံးပြုနေ….......လိပ်နှုန်းအပြည့်နဲ့ နေ့ ။
ကျော်ပါခွပါမျိုးစုံစွာ...........အင်တာပျက်ရဲ့နေ့ ။

စင်ပေါ်ရောက်တဲ့လူတစုဟာ.......…ပြန်မဆင်းတော့တဲ့နေ့ ။
မမြဲသင့်ခြင်းတွေမြဲနေတာဟာ.......မလိုလားဆုံးနေ့ ။
စိန်နဲ့ သံပုရာရောသောက်ပါ.....…ရေဝေးရောက်မဲ့နေ့ ။

(မယ်လမင်းရေးစပ်သော နေ့ များ)

Monday 15 August 2011

အပျင်းပြေဖွမိခြင်း........

အွန်လိုင်း လို့ခေါ်တဲ့ ပင်လယ် ရေစီးကြောင်းထဲ ကိုဝင်တယ်။ အသိမိတ်ဆွေတွေနဲ့ တွေ့တယ်။ စကား ဆက်သွယ်တယ်။ လိုအပ်တဲ့ စာအုပ်တွေ၊ အကြောင်းအရာတွေ ရှာတယ်၊ဖွေတယ်။ ကိုယ့် အတွေးအမြင် အယူအဆတွေ ကိုတခြားသူတွေနဲ့ ဖလှယ်တယ်။ နေ့တဓူဝ လုပ်နေကျ အလုပ်တွေပါပဲ။ ကြာလာတော့ ပုံမှန်လုပ် နေကျ နေ့တဓူဝ အလုပ်စာရင်းထဲ ၀င်သွားခဲ့တယ်။

ကိုယ်နဲ့တိုက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ အသုံးဝင်မယ့် အရာလေးတွေ၊ နှစ်သက်စရာ ကောင်းမွန်တဲ့ ကိစ္စတွေကို ဆွဲယူရှာဖွေတယ်။ ၀ါသနာတူ အချင်းချင်း အားပေး ထောက်ပံ့တယ်။ ကူညီတယ်။ အခက်အခဲ တွေကိုတိုင်ပင်တယ်. ညှိနိုင်းကြည့်တယ်။ ကြာလာတော့ အွန်လိုင်းမှာ ၀ါသနာတူ အချင်းချင်း မိသားစုတစ်စု လိုဖြစ်လာတယ်။

ကိုယ်နဲ့ အယူအဆ မတူတဲ့ လူနဲ့တွေ့ရင် ဦးနှောက်မုန်တိုင်း ဆင်မိတယ်။ စဉ်းစားတယ်။ စိတ်တူတဲ့ လူက ဘယ်လို ထောက်ခံ အားပေး ချီးမွမ်းသွားမလဲ ဆိုတာလည်း စောင့်ကြည့်ရ ပြန်သေးတယ်။ ကိုယ်နဲ့ အရမ်း အလှမ်းဝေးလွန်းပြီး မတူညီတဲ့ အတွေးတွေနဲ့ လူတွေကို အပြစ်တင် ရှုံ့ချမိတယ်။ ပြသနာက အဲ့ဒီမှာ စလာတယ်။ တဖက်လူက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာစောင့်ကြည့် ရတာလည်း အလုပ်တစ်ခု၊ မတူတဲ့ အတွေး စိတ်နေစိတ်ထား ရှိတဲ့ လူအပေါ် ဘယ်လိုဖိနှိပ်ရမလဲ ဆိုတာလည်း စိတ်ပင်ပန်းစေတဲ့ အလုပ်တစ်ခု ဖြစ်လာပြန်တယ်။

အင်တာနက်ဆိုတာကြီးက ပထမတော့ ကိုယ်လိုချင်တာကို ရှာဖွေ အသုံးပြုပြီး ကိုယ့်လမ်းကြောင်းကို ကိုယ်ဖန်တီးဖို့ပါပဲ။ နောက်ပိုင်း ကိုယ်ရဲ့အယူအဆ ကိုယ့်ရဲ့ စိတ်ကူးအတွး တွေနဲ့ ပတ်သတ်ပြီး အစွဲအလမ်းတွေ အငြိအစွန်းတွေနဲ့ လေးလံလာတယ်။ ဘုန်းကြီးတစ္ဆေ လိုပဲကိုယ် ဖန်တီးချပြထားတဲ့ အတွေးအခေါ်တွေ အသိတွေကို ဘယ်သူတွေ ဆန့်ကျင်ကြမလဲ။ ဘယ်လိုပုံစံ ဘယ်လိုရှုထောင့်နဲ့ တိုက်ခိုက်မိကြမလဲ ဆိုတဲ့ အတွေးတွေနဲ့ ဘ၀ကို ပိုလေးလံပြိး အလုပ်ရှုတ်လာ စေတယ်။

ဖြစ်သင့်တာက အပြင်ဘ၀မှာ လှုပ်ရှားရုန်းကန် မှုတွေနဲ့ နပန်းသတ်။ အွန်လိုင်းပေါ်တက် ကွန်ပြူတာရှေ့ ထိုင်ပြီးတဲ့ အချိန်ကျရင် အပြင်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ လုံးဝ ဘရိတ်အုပ် လိုက်ပေရော့။ ကျွီ..ခနဲ ဘရိတ်အုပ် ပြီးတာနဲ့ အွန်လိုင်း ကွန်မြူနတီတွေနဲ့ ယူစရှာရှိတာယူ ပေးစရာရှိတာပေး..မျှဝေစရာရှိတာမျှဝေ၊ သင်ယူစရာ ရှိတာသင်ယူ။ အိုကေ..အချိန်လည်း အတော်ကြာပြီ၊ ညောင်းလည်း ညောင်းနေပြီ၊ ယူစရာလည်း ယူပြီးဘီ.အွန်လိုင်းပေါ်မှာ ထိုင်လို့အားရပြီ ဆိုတာနဲ့ ထွက်။

ကွန်ပြူတာရှေ့က ခွါပြီဆိုတာနဲ့ အွန်လိုင်းပေါ်က ဘ၀ကို အကျီချွတ်သလို ချွတ်ချထား ခဲ့ပေရော့။ အပြင်လောက နဲ့တစ်ကန့်စီ ထား။ လာမရှုတ်နဲ့။ လုပ်စရာရှိတာလုပ်။ အွန်လိုင်းဘ၀ ကိုအပြင်အထိ ယူလာလို့ မကောင်းနိုင်ဘူး။ ဒါတွေဟာ အမှန်ဖြစ်သင့် တဲ့ကိစ္စတွေပါ။

ဒါပေမယ့် လူဆိုတာကလည်း စေတနာ ဆိုတာရှိသေးတယ်။ ကိုယ်ချပြခဲ့တဲ့ အကြောင်းအရာ တစ်ခုခု အပေါ် လူအများ နားလည် သိတတ်ပါစေ ဆိုသလိုမျိုး ရှိသလို။ ကိုယ်ဘာကောင်လဲ ဆိုတာ ထင်ရှားအောင် ကြော်ငြာ တာလည်းတစ်မျိုး။ မရှိတာကို အရှိလုပ်ပြီး ကြွားဝါချင်တာ ကလည်းတစ်မျိုး။ သူများအပေါ် ဆရာလုပ်ချင် တာကလည်း တစ်မျိုး။ စုတ်ချက် ခပ်ဖျော့ဖျော့ ဆွဲရမယ့်နေရာမှာ စုတ်ချက် ထင်းထင်း ဆွဲမိတဲ့ ခပ်ညံ့ညံ့ ပန်းချီဆရာ လိုမျိုး ဖြစ်မလား မသိဘူး။ စေတနာ ဆိုတာနဲ့ အတ္တဆိုတာလည်း တလွှဲတွေ ဖြစ်ကုန်ပြန်တယ်။ ကဲ..ဘယ်လိုလဲ ကောင်းကြသေးရဲ့လား။ ဘယ်သူမှ ဒီစာထဲက အတိုင်းရေးထားတာ တွေကိုထောက်ခံမှာ မဟုတ်ဘူး။ စာရေးတဲ့ ကျွန်တော် ကိုယ်တိုင်လည်း မထောက်ခံဘူး။ ထောက်ခံတယ် ဆိုတဲ့ လူတွေစုပြီး ပြည်တွင်းက ISP ၂ ခုကို မီးဝိုင်းရှို့ကြဗျာ။ ကြာသလားလို့ :P အင်တာနက်လည်းပျက် လူတွေလည်း တိတ်ဆိတ်သွား။ ဘ၀က ပိုပြီး နေသာထိုင်သာ ရှိသွားမလား။ စဉ်းစားကြည့်ကြပါ.အရပ်ကတို့ရေ့။

(ဘကြီးစိုး)