Saturday 20 August 2011

ကျော်လွန်ခဲ့သော မွေးနေ့ အတွက်..... For My Sis.

(မယ်လမင်းရဲ့ မွေးနေ့ လက်ဆောင်ကဗျာ)

မယ်ဖြူရယ်ကပိန်ညှောင် ပင်ဝါးရုံလေယူတိမ်းသလို
ယိမ်းနွဲ့ မောက်တောင်။
ထမင်းရယ်ဆာ အခါခါသူညည်း
ယခုပင်စားတာပြီးလည်း
မေ့လျော့ကာညည်း။

အစစ်အဆေးရယ်ထူပြန်
ရွှေညာသူအဒေါ်ကြီး
အကြံကုန်ခေါင်းတွေနောက်လို့ 
လက်လန်ကာ အညာပြန်ပြေးတယ်
မပုလိပ်အံ့မခန်း။


သူထွင်ကာအတတ်ဆန်းပုံက
သင်ရိုးစာကြေယုံမက
ပန်းချီပုံ လက်တွေ့ စမ်းတယ်
ခုန်ပျံတာကျားကြီးခြေရာမကြီးလို့ 
မယ်နီမှာနဖူးပေါက်တယ်..သွေးထွက်လို့ မပြီး။

လူပုံကပျော့စိစိနဲ့ တစက်ကယ်အငြိမ်မနေ
မျောက်ရှုံးကိုမထိန်းနိုင်လို့ 
မွေးသဖခင် နီကိုရှရိတ်ရတယ်
တနာရီ ငြိမ်ငြိမ်နေယုံနဲ့ လိုချင်တာဝယ်လို့ ပေးမယ်
အိမ်ဒရေ သံပတ်တလားနဲ့ ထိမ်းသိမ်းလို့ ကောင်း။

၆တန်းကိုရောက်ပြန်တော့
လက်ဖက်နှမ်းကို နယ်ကာပါ့
လက်ရန်းပေါ် ခိုးကာပုံလို့ 
လူမသိခင်တင်ကာမြှောက်တယ်
နတ်သကြားနဲ့ ကိုကြီးကျော်ရယ် မှိုင်းမစေကြောင်း။

အားကိုးစရာသူလည်ဝယ်ပုံက
သတင်းစာရောင်းခါနီးရင်
ကျောက်ခဲတွေခိုးကာထဲ့ လို့ 
အပနား ကိုတပတ်ရိုက်တယ်
အငိုက်မိတဲ့အကြောင်း။

ဝါသနာကပါလာ
ဘယ်လိုပင်ထိမ်းသော်ငြား မတတ်စွမ်းနိုင်ပါ
နတ်ဆိုင်းသံကြားရင်ဖြင့်စိတ်မထိန်းနိင်
ခုန်ကာကချင်လို့ 
သူ့ ခမျာခိုးကာကတယ် ကိုကြီးကျော်ယိမ်း။

အတူတူဖြတ်သန်းခဲ့
ငယ်ဘ၀အထွေထွေ
မယ်ဖြူရယ်လူလားမြောက်တော့
ခါချဉ်လို အားမသန်ပေမဲ့ ..အိမ်ဝန်ကိုသူကူထမ်းတယ်
စူပါဝူးမန်း။

တော်သေးပြီလေ ငယ်ကျိုးနာဖော်အပြီး
ပျော်ရွှင်စွာဆုတောင်းကာပေးမယ်
မယ်ဖြူရယ် ဒီဘတ်ဒေးမှသည်
အနှစ်တရာချမ်းမြေ လို့ 
ဆင်ခန်နာဝက်ကိုယ်လုံးနဲ့ လှပစေကြောင်း။

(အစ်မတော် မယ်လမင်း)


အမှန်တော့ မွေးနေ့ က ပြီးခဲ့တဲ့ ကြာသာပတေး ၁၈ ရက်နေ့ ကထည်းက ကျော်လွန်ခဲ့ပါပြီ။ အဲ့သည်နေ့ က ကျနော်လည်း ဘာရှုပ်နေမှန်းမသိ၊ ကျန်တဲ့ မောင်နှမတွေလည်း ဘာတွေ ရှုပ်နေမှန်း မသိဖြစ်နေမယ် ထင်ပါတယ်။ အဲ..... သူကတော့ ကျနော်တို့ မွေးနေ့  အိမ်က အဖေ အမေတွေ မွေးနေ့ ဆို အမြဲ သတိရတတ်ဆုံးပါပဲ။ အဆိုးဆုံးကတော့ ကျနော်....... ကိုယ့်မွေးနေ့  တောင် ကိုယ်သတိမထား မိတတ်တာ အမြဲပါပဲ။ မွေးနေ့ တွေကလည်း များသကိုး၊ တစ်ကယ့်မွေးနေ့ ၊ ကျောင်းအပ်တဲ့မွေးနေ့ ၊ နိုင်ငံသားမှတ်ပုံတင်က မွေးနေ့ ၊ ပြင်ရင်း ပြင်ရင်း ပိုရှုပ်သွားတဲ့မွေးနေ့  အဲ့လိုတွေ ဖြစ်နေလေတော့ အစစ်ကို ကိုယ့်ဖာသာ မနည်း သတိထား ရတတ်ပါတယ်။

ကဲ ........ ကျနော့်ရဲ့ အစ်မတော် ရိုးရိုး ရဲ့ မွေးနေ့  (ပြီးခဲ့သော) အတွက် ဆုတောင်းပေးလိုက်ပါတယ်။ မွေးနေ့  မှသည် နောင်နှစ်ပေါင်းများစွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်စွာနဲ့  ဖြတ်သန်းနိုင်ပါစေ။ ယူကေမှာ အလုပ်အကိုင် များလည်း ပိုမို အဆင်ပြေပါစေ။ အရေးတော်ပုံတွေလည်း အဆင်ပြေပြေနဲ့  ပြီးစီးပြီး ငြိမ်းချမ်းစွာ နေထိုင် လုပ်ကိုင်နိုင်ပါစေ...... ဟဲဟဲ..... မုန့် ဖိုးလည်း များများ ပေးနိုင်ပါစေ... (ဒါအရေးကြီးဆုံး မဟုတ်လား ....ဟိ)


မြန်မာပြည်မှာတုန်းကတော့ အိမ်သားတစ်ယောက်ယောက် ရဲ့ မွေးနေ့  ဆို အိမ်မှာ အမေနဲ့  အစ်မကြီး အစ်မ လတ်တို့  ဒိုင်ခံ ဆွမ်းလောင်း၊ ဆွမ်းကပ် ကြပါတယ်။ မာတာမိခင်က နေ့  စဉ်ဆိုသလို မနက်တိုင်းဆွမ်းခံကြွ လာတဲ့ ကျောင်းပေါင်းများစွာ အတွက် ဆွမ်း၊ ဟင်း လောင်းလှူနေကျပါပဲ။ အဲ... မွေးနေ့  လိုနေ့ မျိုး ဆိုရင်တော့ ဖွယ်ဖွယ်ရာရာလေးတွေ ပိုမို ချက်ပြုတ်ပြီး ဆွမ်းလောင်းလှူတဲ့ အပြင် မိသားစု အစဉ် အဆက် ကိုးကွယ်ခဲ့တဲ့ ဘုန်းကြီးကျောင်းနဲ့  ကျနော်တို့  အမျိုး တွေ ရှိတဲ့ ကျောင်းကို ဆွမ်းချိုင့်ပို့ ခြင်း၊ ဆွမ်းကပ်ခြင်း တွေ တတ်နိုင်သလောက် ပြုလုပ်ကြပါတယ်။

ညနေပိုင်းဆိုရင်တော့ သာကူကျို၊ မုန့် လက်ဆောင်း စတဲ့ တနိုင် မုန့် တွေ လုပ်ပြီး ရပ်ကွက်ထဲ က အိမ်တွေ ဝေငှခြင်း၊ တူလေးတွေရဲ့ သူငယ်ချင်း ကလေးတွေ အိမ်မှာ စုရုံးပြီး ပျော်ပျော်ရွင်ရွင် စားစေခြင်း များ လုပ်တတ်ပါတယ်။ အခြားမိသားစုတွေမှာလည်း ကိတ်မုန့် တွေ ခွဲပြီး မျက်နှာကို သုတ်ကြတာ ပျော်ပျော်ရွင်ရွင် နဲ့  ၀င်နွှဲ ခဲ့ဖူးပါတယ်။ ကဲ..... မိသားစု ဒိုင်ယာရီက မိသားစု မွေးနေ့  ပွဲလေးမှာ အပျော်ဓါတ်လေးတွေ ကူးယူ သွားကြပါဦးလို့  ဗျာ။

ပုံ/

(အငယ်ဆုံး အချောဆုံး) (...အလင်းစက်များ)

7 comments:

  1. ကဲ အငယ်ဆုံး အချောဆုံး ဆိုတဲ့ အလင်းစက်များရေ
    အမရဲ့ မွေးနေ့ဟုတ်လား.... အလင်းစက်များရဲ့ အမရေ
    မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ လိုအင်ပြည့်ဝပြီး...
    ကျန်းမာပါစေရှင်....
    အမြဲတမ်း မိသားစုအားလုံးပျော်ရွှင်စွာ အတူတကွ နေနိုင်ပါစေ။
    ချစ်ခင်စွာဖြင့် jas

    ReplyDelete
  2. အစ်မ ရိုးရိုးနဲ့ ရာသီဖွားချင်းတူနေပါလားးးးး

    ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝပါစေရှင် :)

    ReplyDelete
  3. တောင်ကြီးသူ နဲ့  အစ်မ ခရစ်စ်တယ်လ်တို့  ကို ကျနော့အစ်မ ကိုယ်စား ကျေးဇူးတင်ပါတယ်လို့  ဗျာ........ ပျော်ရွင်ကြပါစေ

    ReplyDelete
  4. မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင်ပျော်ရွင်ငြိမ်းချမ်းပါစေဗျာ...၊ဟို..
    အငယ်ဆုံးအချောဆုံးဆိုတဲ့ငတိကိုကြည့်မရပေမယ့် အစ်မမွေးနေ့ကိုတော့
    အရောက်လာခဲပါကြောင်း.....:)

    ReplyDelete
  5. အချောဆုံးအလင်းစက်လေးရဲ့ မမရေ

    မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင်အောင်

    ပျော်ရွှင်ခြင်းအပေါင်းခညောင်းပါစေလို့..

    ဆုတောင်းပေးပါတယ်...

    ReplyDelete
  6. ငယ်ကျိုးငယ်နာဖေါ်သော အမတော် နှင့် အမှောင်ထဲက ငတိ နှင့် သူ့  သူငယ်ချင်း များ အားလုံးကို ကျေးဇူးတင်ပါသည်။ အလုပ်များသဖြင့် ယနေ့ မှ ဖတ်မိပါသည်။ မွေးနေ့ တောင် ဘာမှ မလုပ်ဖြစ်ပါ ၊ မင်းခ မိန်းမ ကမ်းနားသစ်ပင် မဟုတ်လား။ အလုပ်လုပ် ရသည်လေ။ မွေးနေ့ သည် အသက်တနှစ်ကြီးလာခြင်းကို ပြသဖြင့် မေ့ထားတာကြာပြီ။ age is just a number ပါဘဲလေ။

    ReplyDelete
  7. Happy Birthday ပါရှင်....
    နောက်ကျနေပေမယ့် ခွင့်လွတ်ပေးဖို့မျှော်လင့်လျှက်....
    အလင်းစက်ရေ..စီဘောက်လဲမတွေ့လို့ ဒီကပဲမန့်သွားတယ်..
    နောက်ဆိုရင်တော့ မကြာခဏရောက်ဖြစ်မယ်ထင်တယ် ...

    ReplyDelete