Monday 12 August 2013

ဝန်မယ့် (သို့ ) အမေများနေ့  (သို့ ) วันแม่


ဒီနေ့ ကတော့ ထိုင်းနိုင်ငံရဲ့ အမေများနေ့  ပါ။ မနေ့ က Fashion Island မှာ မောလ် တစ်ခုလုံး အဘွားအိုကြီးတွေနဲ့  သားသမီး မြေးမြစ်တွေ လက်တွေ ချိတ်လို့  ပြုံးရွှင်စွာ သွားလာ စားသောက် နေကြတာ မြင်မိတော့ မျက်ရည်ကျမိတယ်။ ရင်ဘတ်ထဲက တိတ်တိတ်လေးပါ။ အော်....... ကိုယ့်နိုင်ငံသားတွေ လူဖြစ်ရကျိုး မနပ်ရလေခြင်းပေါ့လေ။ အမေ၊ မိဘ ကို စောင့်ရှောက်တယ် ဆိုတာ လူမြင် သူမြင် စောင့်ရှောက်ပြီး ကွယ်ရာကျ ပစ်ထား ကြရင်တော့ မကောင်းဘူးပေါ့လေ။ ဒါပေမယ့် မနေ့ က မြင်လိုက်ရတဲ့ အဘွားကြီးတွေ အမေ ငယ်ငယ်လေးတွေ အားလုံး မျက်နှာကို ကြည့်လိုက်ရင် ပိတိတွေ ဖြာနေတာ အသေအချာပါပဲလေ။


သမီးလေးအတွက် စတိုင်လ် အပြည့်နဲ့  မေမေ တစ်ယောက်။

အော်........ ကိုယ်နိုင်ငံမှာတော့ လောဘ ဒေါသ မောဟ တွေနဲ့  ပြေးလွှား ယောက်ယက် ခတ်နေ လိုက်ကြရတာ..... အမေမိဘ ဆွေမျိုး ဘာမှ ကို မကြည့်နိုင်ကြတော့ပါဘူးလေ။ ကိုယ့် အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ဖြင့် မိသားစု နွေးထွေးမှု ဆိုတာမျိုး အံ့အောစရာ ကောင်းအောင်ကို မြင်ရတာပါပဲ။


ဘွားဘွားတွေက မေမေတွေ ရိုသေမှုကို ခံယူဖို့ ၊ မေမေတွေကတော့ သားသားမီးမီးတွေရဲ့ ရိုသေမှုကို အသိအမှတ်ပြုကြမယ့် ပွဲလေးပါ။

လောလောဆယ်တော့ ရင်ဘတ်ထဲ ပြည့်ကြပ်နေတယ်။ အမှောင်ထုထဲက အလင်းစက်များ ဘလော့ သက်တမ်း မတိုးနိုင်လို့  လစ် သွားရှာပြီ။ တစ်သက်လုံး ရေးထားသမျှ ကုန်ဘီ။ ကိုယ်ပိုင် ဘ၀ မှာလည်း အချိုးအကွေ့ တွေ ကိုယ့်ဖာသာပဲ လုပ်နေတယ်။ ကိုယ့်လှေကို ကိုယ်တိုင် ပဲ့ကိုင်သင့်ပါပြီလေ။ ပဲခူးရောက်ရောက် တော့ မလုပ်ပါဘူး။ ကိုယ့် ရည်မှန်းချက် တော့ ရောက်အောင် လှော်ရမှာပေါ့။ 


ချမ်းသာတဲ့ မေမေနဲ့  သားသား ဟုတ်ပုံမရပါဘူး။ ဒါပေမယ့် ပျော်ရွှင်မှုတွေ ပီတိတွေ အပြည့်ပါ။ (မှတ်ချက်။.........။ ကိုယ်ပိုင်ကားနဲ့  မောလ်ကို လာဖို့ ရာ ချမ်းသာစရာမလိုပါဘူး နိုင်ငံချမ်းသာရင် ဖြစ်ပါတယ်)

တစ်နေ့ တော့ ကျနော်တို့  နိုင်ငံသားတွေလည်း မိသားစု စုံစုံလင်လင်နဲ့  နွေးထွေးမှုတွေကို ခံစားနိုင်ကြမှာပါလို့  မျှော်လင့်မိပါတယ်ဗျာ။


ကျနော့ဘော်ဒါကျ သူ့ အမေက သူ အသက် ၉ နှစ်မှာကထဲက ဆုံးသွားရှာပြီ။ ဆိုတော့ အဝေးရောက် ကျနော်နဲ့  ၂ ယောက်ထဲ မောလ်ထဲ လှည့်ပတ်သွားရင်း မုန့် ဝယ်ကျွေးတယ်။ မငြင်းပါဘူး. ငြင်းလို့  လည်း ကောင်းဘူးလေ... နော။ အားနာစရာ..... အာ့နဲ့ ၂ တုန်းလုံး နီးပါး စားပစ်လိုက်တယ်။ :D

No comments:

Post a Comment