Monday 26 August 2013

လူ့ အဆင့် အတန်းနဲ့  ဗဟုသုတ

ကဲဗျာ....... စာဆက်ပြတ်သွားပြီး သိပ်လည်း မရေးချင်တော့ဘူး။ တိုတိုပဲ အကျဉ်းချုံုးလိုက်မယ်။ ကျနော့် ဘော်ဒါ သူ အိမ်ပြန်ရောက်တော့ သူ့ မိသားစု အပြင် အခြား ရပ်ဆွေ ရပ်မျိုး ဆိုတဲ့ ရွှေမျိုးတွေနဲ့  ထမင်းလိုက်စားရတယ်။ အဲ့မှာ ဇတ်လမ်းစတာ၊ သူက ဒီဖက်မှာ ကျန်းမာရေး အမြင်နဲ့  အပြုအမူ အကျင့် က ရွာလည်း ရောက်ရော.... သောက်ကြီး သောက်ကျယ် လုပ်တယ်တွေ ဖြစ်ကုန်ရော။

ထမင်းဝိုင်းမှာ ဟင်းချိုခွက်က တစ်ခုထည်း ဇွန်း ၂ ချောင်းလောက်နဲ့  တရှုးရှုး သောက်ကြတာ၊ သူ မခံစားနိုင်ဘူးတဲ့။ ဟုတ်တယ်လေ။ သောက်သမျှ လူတွေ အကုန် ဇွန်းကို ပါးစပ်ထဲ တစ်ဝက်လောက်တော့ ထည့်ကြတာပဲ၊ တံထွေးတွေ မပါလာဘူးလို့  ဘယ်သူ ပြောနိုင်လဲ။ ဒါနဲ့ ပဲ ထမင်းဝိုင်းမှာ ဟိုဟင်းခွက် သည်ဟင်းခွက်တွေ ရှောင်ရာက၊ လက်တွေနဲ့  ဇွိဇွက် ဆို နှိုက်တတ်တဲ့ မြန်မာ့ ညစ်တီးညစ်ပတ် ဓလေ့ ကိုပါ သူ မုန်းမုန်းလာရော၊ သူ ထမင်းစားမှ မ၀င်တော့တာ။

သူ့ အိမ်ကတော့ နားလည်မှု ရှိကြပါတယ်။ အမေအိုကြီးက ကျောင်းအုပ်ဆရာမ ဟောင်း၊ အဖေက သင်းအုပ်ဆရာ မောင်နှမတွေက လည်း ပညာတတ် ဆိုတော့ သူ ပြောတာ အကုန် နားဝင်ကြတယ်။ သူဘန်ကောက် ကို ပြန်လာတော့ အိမ်က ဖုန်းဆက်လာတယ်။ သူတို့  အိမ်မှာ အဲ့ဒီလိုပဲ ဆက်နေကြတယ်တဲ့။ 

နောက်ဆုံး တစ်ရက်ရောက်တော့ဗျာ သူ မခံစားနိုင်တော့တဲ့ အဆုံး သူ့ ဖို့  ဟင်းရည်ခွက်၊ ဇွန်းသပ်သပ် ပေးပါလားလို့  တောင်းမိရောတဲ့။ ကျန်တဲ့ဟင်းခွက်တွေက ထား၊ ပါးစပ်ထဲ တန်းမထည့်ကြဘူးကိုး။ အဲ့ဒါ အိမ်ဒီ အိမ်ကလည်း ငယ်ပေါင်းကြီးဖေါ်တွေထဲကပါပဲ။ ဘာမှ မပြောကြပေမယ့် မျက်နှာ ညိုငြင်စွာနဲ့  လုပ်ပေးကြသတဲ့။ နောက်ကျတော့ သူလည်း စိတ် အတော် ညစ်လာတာနဲ့  ကျနော် ဒီလို လုပ်ရတာ ဘယ်လိုမှ သဘော မထားကြပါနဲ့ ဗျာ၊ ကြီးကျယ်တာ မဟုတ်ပါဘူး။ ကျနော့်မှာ အသဲရောင် အသားဝါ ဘီ ပိုး ရှိနေလို့  သူများတွေကို ကူးမှာ စိုးလို့ ပါလို့  ပြောလိုက်တာ။ နောက်နေ့ တွေများ...... ဘယ်အိမ်မှ ထမင်းစားဖို့  အတင်း မခေါ်ကြတော့ဘူးတဲ့။ 

အိမ်ကို လာလည်ရင်တောင် ဘာချ ကျွေးကျွေး မစားပဲ ပြန်ကုန်ကြသတဲ့ဗျား။ ပိုဆိုးတာက မြန်မာတွေရဲ့ ပညာ မတတ် ဗဟုသုတ မရှိတဲ့ အမူ အကျင့်တွေပါပဲ။ ရပ်ရေး ရွာရေးမို့  သွားရင်တောင် သူ့ အနားကနေ ခပ်ခွာခွာ နေကြတယ် ဆိုလေ သတတ်ဗျားးးး။ 

ဒါ့ကြောင့် တခါ တခါ ကျနော် တွေးမိတာ ရှိတယ်။ ကျနော်တို့  မြန်မာပြည်သားတွေ လူ့ အဆင့် အတန်း မီဖို့ ဆိုတာ နောင် နှစ်ပေါင်း အတော်လေး ယူရဦးမယ် ဆိုတာပါပဲ။ ဒါကတော့ ဘယ်အစိုးရနဲ့ မှ သိပ်မဆိုင်တော့ပါဘူး။ ပျက်စီးတာကတော့ သူတို့ ရဲ့ အကျိုးဆက်ပေါ့။ ဒါပေမယ့် ပြန်ပြင်ဖို့ ကိုတော့ ကိုယ်တိုင် လုပ်ယူရမှာပါပဲ။ 

တံထွေးတွေနဲ့  မြုပ်နေတဲ့ (ကွမ်း) မြန်မာပြည်ကြီး အမြန်ဆုံး ကျန်းမာရေး အသိအမြင် ကျယ်ဝ စွာနဲ့  နလံ မြန်မြန် ထူထ နိုင်ပါစေသား။။။။။။။။။။။။။။။

1 comment:

  1. ဟုတ်ပါ့...တိုင်းပြည်တစ်ခုရဲ့ တိုးတက်မှုအတွက် အစိုးရမှာ တာဝန်ရှိတာ မှန်ပေမယ့် မိသားစုတစ်ခုချင်းစီရဲ့ တိုးတက်မှုအတွက် မိသားစုဝင်တိုင်းမှာလည်း တာဝန်ကိုယ်စီရှိတာကလား...ကိုယ်တိုင်က တိုးတက်ချင်စိတ်မရှိ တိုးတက်အောင်လည်း မကြိုးစားကြဘဲနဲ့ တိုးတက်အောင်လုပ်ပေးပါလို့ အော်နေရုံနဲ့ကတော့ ... အင်း

    ရွေပြည်ကြီး...နီးမယ် မထင်တော့ပြီ...

    ReplyDelete