Monday 12 August 2013

စိတ်ကုန်ချက်

ဘန်ကောက်မှာ နေတုန်းက မနက်စာ ဆို ပန်းခြံမှာ ပြေးပြီး ပြန်လာတိုင်း (ပုံစား) ထိုင်းဆိုင်လေးမှာ ၀င်ဆွဲလိုက်ရုံပဲ။ ထိုင်းဟင်းဆိုတော့ မြန်မာဟင်းနဲ့  အရသာတော့ ကွာတာပေါ့ဗျာ။ ဒါမယ့် မြန်မာ ပါးစပ်နဲ့  နည်းနည်း စပ်တဲ့ အရသာဟင်းလေးတွေ ရှာစားရုံပေါ့။ ကြက်ဟင်းခါးသီး ကြက်ဥကြော်တို့ ၊ ကန်စွန်းရွက်နဲ့  ၀က်ထုသား ကြော်တို့ ၊ ကြက်ဥဟက်ဖရိုင်းပြန်သုပ်တို့  ၊ မျှစ်နဲ့  ကြက်သား ကြော်တို့ ပေါ့။ ကျန်တာလည်းရှိပါတယ်။ ၀က်၊ ငါး၊ အမဲ စသည်ဖြင့် တခါတရံ စားလို့  အရသာတွေ့ တာလေးတွေ။

စိတ်ချမ်းသာစရာ ကောင်းတာက ဟင်းတွေမှာ ဆီမများဘူး။ အရောင်တွေ ရဲတွတ် ၀ါထိန်နေအောင် မချက်ဘူး။ အချိုမှုန့်  စွတ်မသုံးဘူး (အဲ.. သကြားတော့ ပါတတ်တယ်)။ ပြီးရင် Hygiene အပိုင်း၊ ............ သိပ်ကို စိတ်ချရတယ်။ အလုပ်သမား မှန်သမျှက ထိုင်းဆိုတာ ရှားတယ်။ မြန်မာ၊ လာအို၊ ကန်ပူးချား ကျေးလက်တွေက လာတဲ့ လူတွေချည်းပဲ။ အဲ.... ရင့်ရင့်ပြောရမယ် ဆိုရင်တော့ တောကြိုအုံကြားက ထွက်လာကြတဲ့လူတွေချည်းပဲ။ ဒါပေမယ့် ရွာမှာ ဘယ်လို စားခဲ့ စားခဲ့၊ လုပ်ခဲ့ ကိုင်ခဲ့၊ ဒီရောက်တော့ ထိုင်းတွေရဲ့ အကြိုက်ကို လိုက်ပြီး (သို့ ) လူ့ အဆင့်အတန်းကို လိုက်ပြီး သန့် ရှင်း သပ်ရပ်မှုတွေ နဲ့  လုပ်ကိုင်လာကြတယ်။

ဘန်ကောက်မှာ ထိုင်းဆိုင် အတော်များများ ကြိုက်တဲ့နေရာဝင်စား၊ ခင်ဗျား ပန်းကန်နဲ့  ဇွန်း ဆေးတာ မပြောင်မှာ ကြောက်နေစရာ မလိုဘူး။ ခင်ဗျား စားမဲ့ ဟင်းဖတ်ကြီးကို လက်နဲ့  စွိ ကနဲ ကိုင်ပြီး ထည့်လာမှာ ကြောက်နေစရာ မလိုဘူး။ ဟင်းချိုလာချပေးမယ့် စားပွဲထိုးရဲ့ လက်မဲမဲကြီးတွေက ဟင်းချိုထဲ လက်မကြီး ထည့်မြုပ်လာမှာ တွေးပူစရာ မလိုဘူး။ ဒါမျိုးက ကြုံဖူးလို့ ပါ။ ရန်ကုန်မှာ သာမန်လူတန်းစား စားတဲ့ ဆိုင်တွေ ကြိုက်တဲ့နေရာဝင်စား စားပွဲထိုးတွေ ဟင်းရည်ပန်းကန်ထဲ လက်မမဲမဲကြီး စိမ်ပြီး လာချပေးတာ မကြုံဖူးတဲ့လူရှိ ကျုပ်ကို ပါးလာရိုက်သွားချေ။ 

စားပွဲထိုးနဲ့  ဟင်းခပ်ပေးတဲ့လူတွေ ပါးနားကိုင် နှာခေါင်းနှိုက်ပြီး ဟင်းခွက် ကိုင်မှာ စိုးရိမ်စရာ မလိုဘူး။ မရှိတတ်ဘူး (များသောအားဖြင့်ပေါ့။ သို့ သော် တောထိုင်းတွေတော့ ညစ်ပတ်တတ်ပါတယ်)။ ခင်ဗျားရှေ့ကို ရောက်လာမယ့် ဟင်းနဲ့  ထမင်းဟာ ချက်ပြုတ်ပြီးတဲ့ အချိန်က စလို့  လက်ကြီးနဲ့  တာ နှိုက်တာ နယ်တာမျိုးတွေ မရှိဘူး။ အဲ့ဒီတော့ အဲ့ဒီအခြား လူတွေရဲ့ ဂျီး (ရှင်းရှင်းပဲ ပြောတာ၊ ရွံတတ် ရင် လဲသေလိုက်ကြ)။ ခင်ဗျားတို့  ပန်းကန်ထဲ ရောက်စရာ အကြောင်း မရှိဘူး။

မဲဆောက်ရောက်တယ်။ မြန်မာ လက်ဖက်ရည်ဆိုင်တွေ မှိုလိုထလို့ ၊ ဟင်းထမင်း ဆိုင်တွေ မှိုလိုထလို့ ၊ ၀က်သားဒုတ်ထိုးတောင် ရှိသေး။ မြန်မာလက်ဖက်ရည်ဆိုင် သွားထိုင်ပါတယ်။ စားပွဲထိုးက ၄ - ၅ - ၆ တန်း အရွယ်လေး အိပ်ရေးမ၀လို့  မှုန်တုန်တုန် မျက်နှာလေးနဲ့  ၊ မျက်လုံးမှာ လူငယ်ရဲ့ တောက်ပတဲ့ အရောင် မရှိဘူး။ အီကြာကွေးမှာတယ်။ အီကြာကွေး ၂ ချောင်း လက်ကြီးနဲ့  ကိုင်လာပြီး ရှေ့က ဆမူဆာ ပန်းကန်ထဲ လာချပေးတယ်။ သူလုပ်တာ ကိုယ့်ကို ရိုင်းပြ စော်ကားတာ မဟုတ်ဘူး။ နေ့ စဉ် လုပ်နေကျမို့  လုပ်လိုက်တာ။ ဒါမယ့် သူ့ ကြည့်ရတာ မျက်နှာ သစ်ရသေးပုံတောင် မပေါ်ဘူး။ နှာခေါင်းချီးကိုလည်း အားရ ပါးရ ညှစ်လိုက်တာ မြင်မိတယ်။ ကဲ...... ကျုပ်ဘယ်လိုစားမလဲ။ 

ဒီလို မဖြစ်အောင် ဆိုင်ရှင်တွေက ဘာ့ကြောင့် မသွန်သင်သလဲ၊ ပြောရရင်တော့ ကျုပ်တို့  ဆီက လူကြီးတွေ ဆိုတဲ့ လူတွေ ကိုယ်တိုင်ကိုက သောက်ဆင့် မရှိလို့ ပါပဲ။ သူတို့ ကိုယ်တိုင်လည်း ချီးလူးသေးလူး နေတယ်၊ ညစ်တီးညစ်ပတ် ဘ၀ကို ဖြတ်သန်းတဲ့ အခါ၊ ကိုယ့်ရဲ့ အလုပ်သမား ကလေးတွေကို ဘယ်လို သွန်သင်ကြမလဲ။ 

မြန်မာတွေဟာ မဟုတ်တဲ့ နေရာကျ သိပ်သန့် သယောင် ဆောင်တတ်တယ်။ သိပ် ခန်းနား သယောင် ဆောင်တတ်တယ်။ သိပ် အဆင့်အတန်း မြင့်ချင်ယောင် ဆောင်တတ်တယ်၊ သိပ် ကြင်နာ သနား တတ်သယောင် ဆောင်တတ်တယ်။ တကယ့် လူနေမှု လက်တွေ့  ဘ၀ ကို ကြည့်လိုက် သောက်ထင် ကြီးစရာ တကွက်မှ ကို မမြင်မိဘူး။ 

ကုလားလက်ဖက်ရည် ဆိုင်မှာ မနက်စာ စားမိပါတယ်။ နံပြား မှာ တဲ့ခါ ၊ လည်ပင်းနဲ့ ပါး ထိုင်ကုတ်နေတဲ့ (ပေါင်ကြားကုတ်တာ ထည့်မပြောသေးဘူး) ကုလားကြီးက ယင် ကောင် တွေ အုံထ နေတဲ့ မုန့်  အလုံးကြီးကို လက်နဲ့  ဆွဲဖဲ့....... ဘာမှန်း မသိတဲ့ သံပြားကြီးပေါ် လက်မဆေးပဲ ရိုက်ဟဲ့ ထုဟဲ့ နှက်ဟဲ့ ပြီးတော့ မုန့် ဖိုထဲ ကပ်လိုက်တယ်။ ကဲ...... မီးနဲ့ တွေ့ လို့   ပိုးကောင်တွေ သေတယ် ထားပါ။ ကုလားကြီး လက်ထဲက ချေး (ဂျေး) ဘယ်ထဲရောက်ကုန်လဲဗျ။ ကျုပ်ဖြင့် ငယ်ငယ်ကထဲက စားလာသမျှတွေ ပြန်ပြန်တွေးမိလေလေ ကိုယ့် မြန်မာလူမျိုး ဖြစ်ရတာ လူဖြစ်ရကျိုး မနပ်လေ၊ အောက်တန်း ကျလေလေ လို့ တောင် တွေးမိလာတယ်။ 

ရန်ကုန်မြို့ပေါ်က ဘာညာ သရကာ နေကြာကွာစေ့၊ ဟော်တည်တွေ၊ မောလ်တွေ က ဆိုင်တွေကို မပြောလိုဘူး၊ လွတ်စေ၊ သို့ သော်........ ဒီလိုနေရာတွေကို မြန်မာပြည် လူတန်းစား သုံးပုံ ပုံရင် ၂ ပုံ စားနိုင်ပြီလား၊ စားနိုင်အောင်လည်း နေရာတွေ ပေါနေပြီလား၊ ထိုင်းမှာက လမ်းဘေး ဆိုင်ဝင်စားလည်း အားလုံးဒီပုံပဲဗျ။ ပြောင်းဖူးဖုတ် ၀ယ်စားမလား.... ဖုတ်ပြီးသား ပြောင်းဖူး အခွံထဲကကျွတ်လို့  အိပ်ထဲဝင်ပြီး ခင်ဗျား လက်ထဲ ရောက်တဲ့ အထိ အလုပ်သမားရဲ့ လက်နဲ့  တစ်စက်မှ မထိပဲ လုပ်ကိုင်ပေးလိုက်လိမ့်မယ်။ မယုံရင် ဘန်ကောက် ရောက်တဲ့ခါ ၀ယ်စားကြည့်။ 

ရန်ကုန်က အစ်မ တစ်ယောက် ဆီက ကြားမိပါရဲ့။ ပြောင်းဖူး ဖုတ်လေး မွှေးလို့  ၀ယ်စားမိလိုက်တာ... ပြောင်းဖူးသည်မိန်းမက (သူကတော့ သန့် ပါစေ ဆိုတဲ့ စေတနာနဲ့ ) ပုဆိုးစုတ် လေး တစ်ထည်နဲ့  အခွံချွတ်ပြီးသား ပြောင်းဖူးလေးကို ပွတ်ပေးလိုက်သတဲ့ဗျိုး။ ကျုပ်တော့ မြန်မာပြည်မှာတုန်းက ဈေးသည်ပေါင်းစုံနဲ့  ခဏခဏ စကားများတာ ဒါ့ကြောင့်ပဲ။ ဟိုလို မကိုင်နဲ့  ဟိုလို လုပ်ရင် မစားတော့ဘူး။ အဲ့လို လျောက်လျောက် ပြောတတ်လွန်းလို့ ။

လောလောဆယ်တော့........... မနက်စာ ၀က်သားကင်နဲ့  ကောက်ညှင်း စားနေတယ် ကော်ဖီသောက်တယ်။ စိတ်ချမ်းသာနေတယ်။ မြန်မာလက်ဖက်ရည်ဆိုင် သွားဦးမလား မေးရင်တော့ သွားမှာပါ၊ သို့ သော် လက်ဖက်ရည်ပဲ သောက်တော့မယ်။ ကျန်တာ လက်ဖျားနဲ့ တောင် ထိဖို့  စိတ်မကူးတော့ပါ။

1 comment:

  1. ဟဟ - သယ်ရင်းစလုံးတရုတ်မတယောက်ပြောတာ သူ ကုလားဆိုင်ကပလာတာမစားဖူးတဲ့ ..ကုလားတွေကအိမ်သာတက်ပီးရင်တစ်ရူးမသုံးပဲလက်နဲ့ ရေဆေးတယ်တဲ့ .. အဲ့လက်နဲ့ ပလာတာရိုက်တာရွံစရာကြီးတဲ့။

    ReplyDelete