Saturday 2 April 2011

ဂျစ်ပစီ "ကြောင်"

မေ့ န ည က ဟင်းချက်နေတုန်း ဂျစ်ပစီ ၂ကောင် မီးဖိုအဝမှာ လာတယ်။ အစားလာစားတယ်။ အမဲအကြား ကောင် ဆင်းသွားတော့ ကြက်သားနည်းနည်း စဉ်းပြီး ခွက်ထဲ ထည့်ပေးတယ်။ အဝါကြား ဖက်တီးကောင် လာစားတယ် နည်းနည်းဘဲ ။အိမ်မပျော်တဲ့ လေလွင့် ကြောင်တွေလားမသိဘူး။ ရာသီဥတု အေးအေးမှာ အပြင်ထွက် အစားရှာ တယ်။ အစားခွက်ထဲက အစာထက် အပြင်က ကြွက်တွေကို အမဲလိုက်ဖို့ စိတ်စောနေပုံဘဲ။ အိမ်ရှင် အမျိုးသမီး ချထားတဲ့ အစားခွက် ကို သူတို့ မကြာခဏ လာစားတတ်ကြပေမဲ့  တံခါးဖွင့်ထားရင် တော်ရုံတက်မလာကြဘူး။ မေ့ န ကတော့ ထူးဆန်းတယ်။ အတင့်ရဲ တဲ့ ဂျစ်ပစီ ၂ကောင် ကို မှတ်တမ်းတင်လိုက်တယ်။ အဝါကြား ဖက်တီးကတော့ အစားစားပြီး နောက်ဖေး သံလှေကား ခြေရင်း ကနေ ကင်းစော့င်နေလေရဲ့။

1 comment:

  1. ဘော်ဒီဂါတ်ရှိတယ်ပေါ့... ငါလဲ အားကျမခံ... ငါ့ဘော်ဒီဂါတ်တွေ ကြွားဦးမှ... :)))))))))))

    ReplyDelete