
Sunday, 3 April 2011
Mother's Day
ဘုရားပန်းတင်ဖို့ လိုက်ရှာတယ်။ ဒီနေ့  Mother's Day ဆိုတော့ ပန်းစည်း လှလှတွေ တွေ့ မလားဆိုပြီး ကြည့် မိတယ်။ Economy cut လုပ်နေတဲ့  အစိုးရကြောင့်လား၊ တရိပ်ရိပ်တက်လာတဲ့ VAT နဲ့  လောင်စာဆီကြောင့်လား မသိ။ အားလုံးဈေး ကြီးနေတာပါဘဲ။ နှင်းဆီပန်း အနီတစ်စီး ဝယ်လိုက်တယ်။ ပန်းစည်း လှလှတွေ လဲ အရင်နှစ်တွေကလို မြိုင်မြိုင်ဆိုင်ဆိုင် မတွေ့ ခဲ့ရဘူး။ ဖုန်းနဲ့ ဓါတ်ပုံရိုက်လာခဲ့တယ်။ အိမ်ပြန်ရောက်တော့ ၁၁နာရီခွဲ ပြီ မွန်းမတည့် ခင် ဘုရားဆွမ်းတော်ကပ် ပန်းကပ် ဆီမီးပူဇော် ရေချမ်းကပ် လုပ်ဖြစ်လိုက်တယ်။ ကောင်းသော အမေများနေ့ ပါ။ အဝေးမြေမှ မိခင် ကျန်းမာပါစေ လို့ ဆု့ တောင်းတယ်။

Subscribe to:
Post Comments (Atom)
သာဓုပါတော်...... :P
ReplyDeleteဒီဘလော့ကို ဒေါ်ဘူတန်ကိုပါတင်ခိုင်းရမယ်.. အဟီး အလုပ်ပေးရမယ်.. :)))))))
ဒေါ်ဘန်တူ အမြဲ ဘီးဇီး လေ။ တင်ခိုင်းကြည့် ဖတ်ချင်သား ဘာတွေရေးမလဲလို့ ။
ReplyDelete