Sunday 11 January 2015

Author : အမှောင်ထုထဲက အလင်းစက်များ 28th Jan 2011 တွင် ရေးပြီး email ဖြင့် share သည်

ဒီကလေးဘာတွေဖတ်နေပါလိမ့်… သူစဉ်းစားသည်၊ အဲ့ဒါမှခက်ရော… သူဘာကိုမှစဉ်းစားလို့ မရ.. “အားပါးပါး… ” ….. “ငါစဉ်းစားတွေးခေါ်တာတွေ မလုပ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီပဲ” … “အိုး… ငါ့ခေါင်းထဲက ဦးနှောက်ကိုလေးသည်ဆိုပြီး ထုတ်ထားခဲ့တာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပဲ” .. “ဗုဒ္ဓေါ…. ငါဘာတွေဖြစ်နေခဲ့ပါလိမ့်” လို့  ပထမဦးဆုံးအကြိမ် ဘုရားကိုတမိသည်။ “ဦးနှောက်ခေါင်းထဲတွင် ထည့်ထားခြင်းက ဦးခေါင်းကိုလေးလံစေသည်” ဒါဟာသူဆောင်ပုဒ်ပဲမဟုတ်လား။ သူ့  ဆောင်ပုဒ်ကို လိုက်နာကြောင်းပြသည့် အနေဖြင့် သူ့ နောက်လိုက်တွေ၊ ၀န်ကြီးတွေ အကုန်လုံး ဦးနှောက်ထုတ်ရောင်းခြင်းကို လုပ်လိုက်ကြသည်မှာ အုန်းအုန်းကြွက်ကြွက်။ တွေ့ ကရာ အကုန်စားသည့် ပေါက်ဖော်ကြီးတို့  တိုင်းပြည်ကတောင် ဦးနှောက်တွေ စားမကုန်ဖြစ်ကုန်လို့  ဦးနှောက် တင်ပို့ ခြင်းကို တားမြစ်လိုက်ရတာပြန်သတိရသည်။ သူ့ ဆောင်ပုဒ်မှန်ကန်ကြောင်း သူသက်သေပြနိုင်ခဲ့သည်။ ဦးနှောက်ထုတ်ထားသူမှန်သမျှ ကြီးကြီးတက်ချမ်းသာ ကုန်ကြသည်၊ ရတနာစိန်ကျောက်တွေ ပေါများလိုက်သည်မှာ ဇယ်တောက်တမ်း ကစားနိုင်သည်အထိပင်။ ဦးနှောက်ထုတ်ထားသူပင်မဆိုထားနှင့် ဦးနှောက်ထုတ်ခြင်းကို အားပေးထောက်ခံသူများပင် ခမ်းနားလှသော နေအိမ်၊ အဆောင်အယောင်၊ စီးတော်ယာဉ် များစွာ ပိုင်ဆိုင်နိုင်ကြလေသည်။ ဦးနှောက်ထုတ်ခြင်းကို လက်မခံကြသူများမှာ အောက်ခြေအလုပ်များလုပ်ကိုင်နေကြပြီး မွဲလိုက်တေလိုက်တာမှ ဖွတ်ကပင် အဘ ခေါ်ယူရသည်ထိ။ ဒီလောက်မွဲတေနေကြတာတောင် ဦးနှောက်ထုတ်ဖို့  ငြင်းဆန်နေကြတုန်း။ ဆိုးလိုက်သည့်လူတွေ။ ဒီလူတွေအစား သူရင်မောသည်။ တစ်နေ့ တစ်နေ့  ခေါင်းလေးလေးကြီးတွေ နှင့် အလုပ်လုပ်နေကြတာ ပင်ပန်းလိုက်တာ။ မျက်စိပါထုတ်ထားဖို့  သူ့ မှာ အစီအစဉ်ရှိသည်။ မျက်စိ့ မရှိတော့ လင်းမှာ မှောင်မှာ တွေးပူနေစရာမလို။ သူ့ စေတနာကို နားမလည်သော နားလည်ရခက်သည့် လူတွေကို သူအံ့အောမိတာအမှန်။ စာဖတ်နေတဲ့ကလေးကို သူတစ်ချက်ကြည့်ပြီး သူဆက်လျောက်လာခဲ့သည်။ ဘာလိုလိုနဲ့  မှောင်စပျိုးလာလေပြီ။ သူ့ အတွက်နားခိုရာနေရာတစ်ခု ရှိမှဖြစ်မည်။ အိမ်ကိုလဲ သူမပြန်တတ်တော့။ ဘယ်လိုပြန်ရမလဲ သူမသိ။ ဦးနှောက်မရှိခြင်းအား ပထမဆုံးအကြိမ် အပြစ်တင်မိသည်။ ရွာလူကြီးအိမ်ဟု ယူဆရသော ပျဉ်ထောင်အိမ်ခပ်ကြီးကြီး တစ်ခုကို သူရောက်လာသည်။ ဒီညအိပ်ဖို့ အတွက် နေစရာလိုမည်မဟုတ်လား။ ခြံဝင်းထဲသို့ ဝင်လိုက်ချိန်တွင် မှိန်ပြပြအလင်းရောင်အောက်မှာ … လူတွေ လူတွေ နဲတာမဟုတ်.. ကလေးတွေကော .. ခွေးတွေ ကြောင်တွေကအစ၊ ကျွဲနွား တိရစ္ဆာန် အဆုံး အကုန်ရောက်လို့ နေသည်။ လမ်းမှာ သူမြင်ခဲ့တဲ့ ကလေး၊ လူကြီးတွေပါ တွေ့ ရသည်။ တစ်ယောက်တစ်ပေါက် ပြောဆိုလျက်ဆူညံနေသည်။ ရွာလူကြီးဖြစ်ဟန်တူသူက “ကဲကဲ… မဆူညံကြနဲ့ တော့ဗျာ… ခေါင်းအေးအေးထားပြီးဝိုင်းစဉ်းစားကြတာပေါ့. … အားလုံးရဲ့ အရေးပဲမဟုတ်လား” အဘွားအို တစ်ဦးက “အိုး… သူကြီးရယ် နေ့ စဉ် စဉ်းစားလာကြတာ ခုဆို ၂ နှစ်ကျော်လို့  ၃ နှစ်ထဲ ၀င်လာပါပကောလား”.. မိန်းမကြီးတစ်ဦး.. “ဟုတ်ပါ့ရှင်… ခုထိ တစ်ညမှ လွတ်အောင်ပြေးနိုင်တယ် မရှိသေးဘူး” … “ဒီဝဋ်ကြွေးက လွတ်ချင်လှပါပြီရှင်”… တိရစ္ဆာန်များက ထောက်ခံသည့်သဘောကိုအသံဖြင့်ပြကြသည် “ကတော်… ကတော်… ၀ုတ်… ညောင်… ညွံ့ ၊ ဘွတ်အဲ”… နှပ်ချေးတွဲလောင်းနဲ့ ကလေးတစ်ယောက်က “ကဲကဲ… တဂျီးတို့  စဉ်းစားမှာဖြင့် မြန်မြန်စဉ်းစားကြ ဒီည ဘယ်ကိုပြေးရမှာတုန်း…” လူငယ်တစ်ယောက်…. “ညတိုင်းဘယ်ပြေးပြေး လွတ်တယ်ကိုမရှိဘူး… မနက်ကျ အလောင်းဖြစ်တာပဲ မဟုတ်လား….. ပြေးတာတော့ ပြေးနေရဦးမှာပဲ” သူကြီး “အင်းပါလေ… ကျုပ်လဲ မသိတော့လောက်အောင်ပါပဲ… ကျုပ်တို့  ဒီလိုဖြစ်နေတာကို အသိအမှတ်ပြုပြီး ကုသိုလ်ကောင်းမှု ပြုပေးမည့်သူမရှိလေတော့ ခုလို ညတိုင်းပြေးနေရဦးမှာပဲဗျာ….. ” အားငယ်စွားဆိုလေသည်။ “ဘုရား.. ဘုရား … ငါတော့ သရဲရွာကိုရောက်နေတာပဲ…” မင်းကြီးကြောက်စိတ်ဝင်သွားမိသေးသည်။ နောက်မှ “အော်… ငါလဲ ၀ိဥာဉ်ပေပဲ.. ဘာလန့် စရာရှိတုန်း… ဒီညတည်းခိုဖိုတော့ ပြောဦးဆိုဦးမှ” မင်းကြီး “ဗျိုးသူကြီး… ကျုပ်ဧည့်သည်ပါဗျ.. အိမ်လဲ မပြန်တတ်တော့လို့  တည်းခို လို့ ရနိုင်မလား” …. “ဟင်” အားလုံးဆီက အာမေဒိဋ်သံ ထွက်လာကြလေသည်။ ရွာလူကြီး “ဟင်… ခင်ဗျားဘာလို့  ဒီနေရာကိုရောက်လာရတာတုန်း… ကျုပ်တို့ က မုန်တိုင်းမိပြီး သေပြီးသားတွေ… ကုသိုလ်ပြုပေးမည့်သူမရှိလို့  အဖန်ဖန်ပြန်သေနေရတာ…. မကြာခင်မုန်းတိုင်းဝင်လာတော့မှာ ခင်ဗျား အတွက်မပြောနဲ့  ကျုပ်တို့ တောင် အိပ်စရာ၊ နေစရာရှိတာမဟုတ်ဘူး”

No comments:

Post a Comment