Saturday, 20 August 2011

ကျော်လွန်ခဲ့သော မွေးနေ့ အတွက်..... For My Sis.

(မယ်လမင်းရဲ့ မွေးနေ့ လက်ဆောင်ကဗျာ)

မယ်ဖြူရယ်ကပိန်ညှောင် ပင်ဝါးရုံလေယူတိမ်းသလို
ယိမ်းနွဲ့ မောက်တောင်။
ထမင်းရယ်ဆာ အခါခါသူညည်း
ယခုပင်စားတာပြီးလည်း
မေ့လျော့ကာညည်း။

အစစ်အဆေးရယ်ထူပြန်
ရွှေညာသူအဒေါ်ကြီး
အကြံကုန်ခေါင်းတွေနောက်လို့ 
လက်လန်ကာ အညာပြန်ပြေးတယ်
မပုလိပ်အံ့မခန်း။


သူထွင်ကာအတတ်ဆန်းပုံက
သင်ရိုးစာကြေယုံမက
ပန်းချီပုံ လက်တွေ့ စမ်းတယ်
ခုန်ပျံတာကျားကြီးခြေရာမကြီးလို့ 
မယ်နီမှာနဖူးပေါက်တယ်..သွေးထွက်လို့ မပြီး။

လူပုံကပျော့စိစိနဲ့ တစက်ကယ်အငြိမ်မနေ
မျောက်ရှုံးကိုမထိန်းနိုင်လို့ 
မွေးသဖခင် နီကိုရှရိတ်ရတယ်
တနာရီ ငြိမ်ငြိမ်နေယုံနဲ့ လိုချင်တာဝယ်လို့ ပေးမယ်
အိမ်ဒရေ သံပတ်တလားနဲ့ ထိမ်းသိမ်းလို့ ကောင်း။

၆တန်းကိုရောက်ပြန်တော့
လက်ဖက်နှမ်းကို နယ်ကာပါ့
လက်ရန်းပေါ် ခိုးကာပုံလို့ 
လူမသိခင်တင်ကာမြှောက်တယ်
နတ်သကြားနဲ့ ကိုကြီးကျော်ရယ် မှိုင်းမစေကြောင်း။

အားကိုးစရာသူလည်ဝယ်ပုံက
သတင်းစာရောင်းခါနီးရင်
ကျောက်ခဲတွေခိုးကာထဲ့ လို့ 
အပနား ကိုတပတ်ရိုက်တယ်
အငိုက်မိတဲ့အကြောင်း။

ဝါသနာကပါလာ
ဘယ်လိုပင်ထိမ်းသော်ငြား မတတ်စွမ်းနိုင်ပါ
နတ်ဆိုင်းသံကြားရင်ဖြင့်စိတ်မထိန်းနိင်
ခုန်ကာကချင်လို့ 
သူ့ ခမျာခိုးကာကတယ် ကိုကြီးကျော်ယိမ်း။

အတူတူဖြတ်သန်းခဲ့
ငယ်ဘ၀အထွေထွေ
မယ်ဖြူရယ်လူလားမြောက်တော့
ခါချဉ်လို အားမသန်ပေမဲ့ ..အိမ်ဝန်ကိုသူကူထမ်းတယ်
စူပါဝူးမန်း။

တော်သေးပြီလေ ငယ်ကျိုးနာဖော်အပြီး
ပျော်ရွှင်စွာဆုတောင်းကာပေးမယ်
မယ်ဖြူရယ် ဒီဘတ်ဒေးမှသည်
အနှစ်တရာချမ်းမြေ လို့ 
ဆင်ခန်နာဝက်ကိုယ်လုံးနဲ့ လှပစေကြောင်း။

(အစ်မတော် မယ်လမင်း)


အမှန်တော့ မွေးနေ့ က ပြီးခဲ့တဲ့ ကြာသာပတေး ၁၈ ရက်နေ့ ကထည်းက ကျော်လွန်ခဲ့ပါပြီ။ အဲ့သည်နေ့ က ကျနော်လည်း ဘာရှုပ်နေမှန်းမသိ၊ ကျန်တဲ့ မောင်နှမတွေလည်း ဘာတွေ ရှုပ်နေမှန်း မသိဖြစ်နေမယ် ထင်ပါတယ်။ အဲ..... သူကတော့ ကျနော်တို့ မွေးနေ့  အိမ်က အဖေ အမေတွေ မွေးနေ့ ဆို အမြဲ သတိရတတ်ဆုံးပါပဲ။ အဆိုးဆုံးကတော့ ကျနော်....... ကိုယ့်မွေးနေ့  တောင် ကိုယ်သတိမထား မိတတ်တာ အမြဲပါပဲ။ မွေးနေ့ တွေကလည်း များသကိုး၊ တစ်ကယ့်မွေးနေ့ ၊ ကျောင်းအပ်တဲ့မွေးနေ့ ၊ နိုင်ငံသားမှတ်ပုံတင်က မွေးနေ့ ၊ ပြင်ရင်း ပြင်ရင်း ပိုရှုပ်သွားတဲ့မွေးနေ့  အဲ့လိုတွေ ဖြစ်နေလေတော့ အစစ်ကို ကိုယ့်ဖာသာ မနည်း သတိထား ရတတ်ပါတယ်။

ကဲ ........ ကျနော့်ရဲ့ အစ်မတော် ရိုးရိုး ရဲ့ မွေးနေ့  (ပြီးခဲ့သော) အတွက် ဆုတောင်းပေးလိုက်ပါတယ်။ မွေးနေ့  မှသည် နောင်နှစ်ပေါင်းများစွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်စွာနဲ့  ဖြတ်သန်းနိုင်ပါစေ။ ယူကေမှာ အလုပ်အကိုင် များလည်း ပိုမို အဆင်ပြေပါစေ။ အရေးတော်ပုံတွေလည်း အဆင်ပြေပြေနဲ့  ပြီးစီးပြီး ငြိမ်းချမ်းစွာ နေထိုင် လုပ်ကိုင်နိုင်ပါစေ...... ဟဲဟဲ..... မုန့် ဖိုးလည်း များများ ပေးနိုင်ပါစေ... (ဒါအရေးကြီးဆုံး မဟုတ်လား ....ဟိ)


မြန်မာပြည်မှာတုန်းကတော့ အိမ်သားတစ်ယောက်ယောက် ရဲ့ မွေးနေ့  ဆို အိမ်မှာ အမေနဲ့  အစ်မကြီး အစ်မ လတ်တို့  ဒိုင်ခံ ဆွမ်းလောင်း၊ ဆွမ်းကပ် ကြပါတယ်။ မာတာမိခင်က နေ့  စဉ်ဆိုသလို မနက်တိုင်းဆွမ်းခံကြွ လာတဲ့ ကျောင်းပေါင်းများစွာ အတွက် ဆွမ်း၊ ဟင်း လောင်းလှူနေကျပါပဲ။ အဲ... မွေးနေ့  လိုနေ့ မျိုး ဆိုရင်တော့ ဖွယ်ဖွယ်ရာရာလေးတွေ ပိုမို ချက်ပြုတ်ပြီး ဆွမ်းလောင်းလှူတဲ့ အပြင် မိသားစု အစဉ် အဆက် ကိုးကွယ်ခဲ့တဲ့ ဘုန်းကြီးကျောင်းနဲ့  ကျနော်တို့  အမျိုး တွေ ရှိတဲ့ ကျောင်းကို ဆွမ်းချိုင့်ပို့ ခြင်း၊ ဆွမ်းကပ်ခြင်း တွေ တတ်နိုင်သလောက် ပြုလုပ်ကြပါတယ်။

ညနေပိုင်းဆိုရင်တော့ သာကူကျို၊ မုန့် လက်ဆောင်း စတဲ့ တနိုင် မုန့် တွေ လုပ်ပြီး ရပ်ကွက်ထဲ က အိမ်တွေ ဝေငှခြင်း၊ တူလေးတွေရဲ့ သူငယ်ချင်း ကလေးတွေ အိမ်မှာ စုရုံးပြီး ပျော်ပျော်ရွင်ရွင် စားစေခြင်း များ လုပ်တတ်ပါတယ်။ အခြားမိသားစုတွေမှာလည်း ကိတ်မုန့် တွေ ခွဲပြီး မျက်နှာကို သုတ်ကြတာ ပျော်ပျော်ရွင်ရွင် နဲ့  ၀င်နွှဲ ခဲ့ဖူးပါတယ်။ ကဲ..... မိသားစု ဒိုင်ယာရီက မိသားစု မွေးနေ့  ပွဲလေးမှာ အပျော်ဓါတ်လေးတွေ ကူးယူ သွားကြပါဦးလို့  ဗျာ။

ပုံ/

(အငယ်ဆုံး အချောဆုံး) (...အလင်းစက်များ)

Thursday, 18 August 2011

ခံစားရမိတဲ့နေ့ တွေ နေ့ တွေ.......

ကောင်းကင်နဲ့ မြေကြီးထိမဲ့နေ့ ဟာ............ ကမ္ဘာပျက်မဲ့နေ့ ။
တတိုင်းပြည်လုံးချမ်းသာလိုက်တာ….............အိမ်မက်ထဲကနေ့ ။

ဒေါ်လာဈေးအကြောင်းကြားနေရတာ…...........သည်းချေပျက်တဲ့နေ့ ။
ခေတ်မှီဖွံ့ ဖြိုးတိုးတက်နေတာ..............သတင်းစာထဲကနေ့ ။

ဧရာဝတီဟာဒဏ်ရာများစွာ.................ငိုသံတွေနဲ့ နေ့ ။


ချီးဘရိန်းတွေရှေ့ရောက်နေတာ…...............နာကျင်ခံခက်နေ့ ။
ပြောချင်သမျှပါးစပ်ပိတ်ရတာ.............ပြိတ္တာဖြစ်တဲ့နေ့ ။

ဆန်တပြည် ဆယ်ပြားဆိုတာ.............သေဆုံးခဲ့သောနေ့ ။
အင်္ကျီတထည်ပြားနှစ်ဆယ်….........၀ယ်ကာဝတ်မဲ့နေ့ ။

ခေတ်ကိုအမှီလိုက်နေရတာ…...........ကုန်ဈေးနှုန်းရဲ့ နေ့ ။


မယ်လမင်းတရုတ်အဖေလုပ်တာ..........အမြတ်ထုတ်တဲ့နေ့ ။
အိန္ဒယကုလားသွားပြီးဖားတာ….......သူတောင်းစားဖြစ်မဲ့နေ့ ။

မိန်းကလေးတွေကြက်တန်းရောက်တာ….........ငရဲထဲကနေ့ ။
အေကိုက်သူတွေများလာလိုက်တာ...........ခေတ်မှီနေတဲ့နေ့ ။

နွားနဲ့ ဆုံသုံးလျှပ်စစ်ထုတ်တာ…........တိရိစ္ဆာန်ညှင်းပမ်းနေ့ ။


ကြက်ဆူပင်စိုက်လုံ့ လစိုက်ပါ….........ရူးရူးမိုက်မိုက်နေ့ ။
နာဂစ်မုန်တိုင်းခံလိုက်စမ်းပါ............လည်စင်းပေးရတဲ့နေ့ ။
တာဝန်သိသူဝိုင်းလို့ ကူ….............လှူသမျှခိုးတဲ့နေ့ ။

နာရေးကူသူအမြဲငြူဆူ….............စိတ်ယုတ်တွေရဲ့နေ့ ။
အမှန်တရားပြောပါများ.............ထောင်ထဲရောက်မဲ့နေ့ ။

ဆင်းရဲမွဲတေတိုက်ဖျက်နေ..............ပြောင်သလင်းခါတဲ့နေ့ ။
အိမ်ကြက်အချင်းချင်းအိုးမဲသွင်း…..........ခွပ်နေကြတဲ့နေ့ ။

အများငြူဆူအရှက်မကူ... ............လူလိမ်ကြီးများနေ့ 
လိမ်ညာပြောကြားမဟုတ်တရား.............လျှာအရိုးမရှိနေ့ ။
ဂဲပစ်ဒုတ်ပစ်ရေဗူးပစ်...........အရှက်ကွဲတဲ့နေ့ ။


စာရိတ္တအမှန်ထုတ်ဖော်ပြန်.........…နာမည်ဆိုးတဲ့နေ့ ။
အင်တာနှေးတွေအသုံးပြုနေ….......လိပ်နှုန်းအပြည့်နဲ့ နေ့ ။
ကျော်ပါခွပါမျိုးစုံစွာ...........အင်တာပျက်ရဲ့နေ့ ။

စင်ပေါ်ရောက်တဲ့လူတစုဟာ.......…ပြန်မဆင်းတော့တဲ့နေ့ ။
မမြဲသင့်ခြင်းတွေမြဲနေတာဟာ.......မလိုလားဆုံးနေ့ ။
စိန်နဲ့ သံပုရာရောသောက်ပါ.....…ရေဝေးရောက်မဲ့နေ့ ။

(မယ်လမင်းရေးစပ်သော နေ့ များ)

Monday, 15 August 2011

အပျင်းပြေဖွမိခြင်း........

အွန်လိုင်း လို့ခေါ်တဲ့ ပင်လယ် ရေစီးကြောင်းထဲ ကိုဝင်တယ်။ အသိမိတ်ဆွေတွေနဲ့ တွေ့တယ်။ စကား ဆက်သွယ်တယ်။ လိုအပ်တဲ့ စာအုပ်တွေ၊ အကြောင်းအရာတွေ ရှာတယ်၊ဖွေတယ်။ ကိုယ့် အတွေးအမြင် အယူအဆတွေ ကိုတခြားသူတွေနဲ့ ဖလှယ်တယ်။ နေ့တဓူဝ လုပ်နေကျ အလုပ်တွေပါပဲ။ ကြာလာတော့ ပုံမှန်လုပ် နေကျ နေ့တဓူဝ အလုပ်စာရင်းထဲ ၀င်သွားခဲ့တယ်။

ကိုယ်နဲ့တိုက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ အသုံးဝင်မယ့် အရာလေးတွေ၊ နှစ်သက်စရာ ကောင်းမွန်တဲ့ ကိစ္စတွေကို ဆွဲယူရှာဖွေတယ်။ ၀ါသနာတူ အချင်းချင်း အားပေး ထောက်ပံ့တယ်။ ကူညီတယ်။ အခက်အခဲ တွေကိုတိုင်ပင်တယ်. ညှိနိုင်းကြည့်တယ်။ ကြာလာတော့ အွန်လိုင်းမှာ ၀ါသနာတူ အချင်းချင်း မိသားစုတစ်စု လိုဖြစ်လာတယ်။

ကိုယ်နဲ့ အယူအဆ မတူတဲ့ လူနဲ့တွေ့ရင် ဦးနှောက်မုန်တိုင်း ဆင်မိတယ်။ စဉ်းစားတယ်။ စိတ်တူတဲ့ လူက ဘယ်လို ထောက်ခံ အားပေး ချီးမွမ်းသွားမလဲ ဆိုတာလည်း စောင့်ကြည့်ရ ပြန်သေးတယ်။ ကိုယ်နဲ့ အရမ်း အလှမ်းဝေးလွန်းပြီး မတူညီတဲ့ အတွေးတွေနဲ့ လူတွေကို အပြစ်တင် ရှုံ့ချမိတယ်။ ပြသနာက အဲ့ဒီမှာ စလာတယ်။ တဖက်လူက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာစောင့်ကြည့် ရတာလည်း အလုပ်တစ်ခု၊ မတူတဲ့ အတွေး စိတ်နေစိတ်ထား ရှိတဲ့ လူအပေါ် ဘယ်လိုဖိနှိပ်ရမလဲ ဆိုတာလည်း စိတ်ပင်ပန်းစေတဲ့ အလုပ်တစ်ခု ဖြစ်လာပြန်တယ်။

အင်တာနက်ဆိုတာကြီးက ပထမတော့ ကိုယ်လိုချင်တာကို ရှာဖွေ အသုံးပြုပြီး ကိုယ့်လမ်းကြောင်းကို ကိုယ်ဖန်တီးဖို့ပါပဲ။ နောက်ပိုင်း ကိုယ်ရဲ့အယူအဆ ကိုယ့်ရဲ့ စိတ်ကူးအတွး တွေနဲ့ ပတ်သတ်ပြီး အစွဲအလမ်းတွေ အငြိအစွန်းတွေနဲ့ လေးလံလာတယ်။ ဘုန်းကြီးတစ္ဆေ လိုပဲကိုယ် ဖန်တီးချပြထားတဲ့ အတွေးအခေါ်တွေ အသိတွေကို ဘယ်သူတွေ ဆန့်ကျင်ကြမလဲ။ ဘယ်လိုပုံစံ ဘယ်လိုရှုထောင့်နဲ့ တိုက်ခိုက်မိကြမလဲ ဆိုတဲ့ အတွေးတွေနဲ့ ဘ၀ကို ပိုလေးလံပြိး အလုပ်ရှုတ်လာ စေတယ်။

ဖြစ်သင့်တာက အပြင်ဘ၀မှာ လှုပ်ရှားရုန်းကန် မှုတွေနဲ့ နပန်းသတ်။ အွန်လိုင်းပေါ်တက် ကွန်ပြူတာရှေ့ ထိုင်ပြီးတဲ့ အချိန်ကျရင် အပြင်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ လုံးဝ ဘရိတ်အုပ် လိုက်ပေရော့။ ကျွီ..ခနဲ ဘရိတ်အုပ် ပြီးတာနဲ့ အွန်လိုင်း ကွန်မြူနတီတွေနဲ့ ယူစရှာရှိတာယူ ပေးစရာရှိတာပေး..မျှဝေစရာရှိတာမျှဝေ၊ သင်ယူစရာ ရှိတာသင်ယူ။ အိုကေ..အချိန်လည်း အတော်ကြာပြီ၊ ညောင်းလည်း ညောင်းနေပြီ၊ ယူစရာလည်း ယူပြီးဘီ.အွန်လိုင်းပေါ်မှာ ထိုင်လို့အားရပြီ ဆိုတာနဲ့ ထွက်။

ကွန်ပြူတာရှေ့က ခွါပြီဆိုတာနဲ့ အွန်လိုင်းပေါ်က ဘ၀ကို အကျီချွတ်သလို ချွတ်ချထား ခဲ့ပေရော့။ အပြင်လောက နဲ့တစ်ကန့်စီ ထား။ လာမရှုတ်နဲ့။ လုပ်စရာရှိတာလုပ်။ အွန်လိုင်းဘ၀ ကိုအပြင်အထိ ယူလာလို့ မကောင်းနိုင်ဘူး။ ဒါတွေဟာ အမှန်ဖြစ်သင့် တဲ့ကိစ္စတွေပါ။

ဒါပေမယ့် လူဆိုတာကလည်း စေတနာ ဆိုတာရှိသေးတယ်။ ကိုယ်ချပြခဲ့တဲ့ အကြောင်းအရာ တစ်ခုခု အပေါ် လူအများ နားလည် သိတတ်ပါစေ ဆိုသလိုမျိုး ရှိသလို။ ကိုယ်ဘာကောင်လဲ ဆိုတာ ထင်ရှားအောင် ကြော်ငြာ တာလည်းတစ်မျိုး။ မရှိတာကို အရှိလုပ်ပြီး ကြွားဝါချင်တာ ကလည်းတစ်မျိုး။ သူများအပေါ် ဆရာလုပ်ချင် တာကလည်း တစ်မျိုး။ စုတ်ချက် ခပ်ဖျော့ဖျော့ ဆွဲရမယ့်နေရာမှာ စုတ်ချက် ထင်းထင်း ဆွဲမိတဲ့ ခပ်ညံ့ညံ့ ပန်းချီဆရာ လိုမျိုး ဖြစ်မလား မသိဘူး။ စေတနာ ဆိုတာနဲ့ အတ္တဆိုတာလည်း တလွှဲတွေ ဖြစ်ကုန်ပြန်တယ်။ ကဲ..ဘယ်လိုလဲ ကောင်းကြသေးရဲ့လား။ ဘယ်သူမှ ဒီစာထဲက အတိုင်းရေးထားတာ တွေကိုထောက်ခံမှာ မဟုတ်ဘူး။ စာရေးတဲ့ ကျွန်တော် ကိုယ်တိုင်လည်း မထောက်ခံဘူး။ ထောက်ခံတယ် ဆိုတဲ့ လူတွေစုပြီး ပြည်တွင်းက ISP ၂ ခုကို မီးဝိုင်းရှို့ကြဗျာ။ ကြာသလားလို့ :P အင်တာနက်လည်းပျက် လူတွေလည်း တိတ်ဆိတ်သွား။ ဘ၀က ပိုပြီး နေသာထိုင်သာ ရှိသွားမလား။ စဉ်းစားကြည့်ကြပါ.အရပ်ကတို့ရေ့။

(ဘကြီးစိုး)

Monday, 16 May 2011

မယ်လမင်း ရဲ့  ကြက်ဍီကာ


တနေ့သနှိုက် ကျွန်ုပ်ဧ။်သူငယ်ချင်း ၀တိုတိုအမျိုးသမီးသည် နာလန်ထလူမမာထုံးစံစားချင် သောက်ချင် စိတ် များတဖွားဖွားဖြစ်ပေါ်လျက်ရှိရာ သူဧ။် သူငယ်ချင်း ခပ်ပျင်းပျင်း ကျွှန်ုပ်ကိုလည်း အားမကိုးရသည့် အလျောက် အပ်တာဟိအပ်တာနော နာထော ထုံးနှလုံးမူလျက် မီးဖိုထဲဝင်ကာ ဂါဝန်ကို ခါးတောင်း ကျိုက်လျက် ချက်ပြုတ်ရှာလေသည်။

ကျွှန်ုပ်မှာကား အလကားနေသည်မထင်လိုက်ပါနှင့်။ ထိုအမျိုးသမီးချက်ပြုတ်နေချိန်တွင် ဓါတ်သဘာဝ တို့ ဧ။် ဖေါက်ပြန်သော သဘောကြောင့် လေအေးပေးစက် ခရစ်တော်နှိုက်အိပ်ပျော်သွားရာ အပူဒဏ်ကို အန်တုနိင်ရန် လျှပ်စစ်လေဒလက် တလုံးကို နေပူပြင်းပြင်းအောက်မှာချွေးတလုံးလုံးနှင့် သွားဝယ်ပြီးသကာလ မြတ်စွားဘုရားဟောကြားခဲ့သည် လမ်းစဉ်အတိုင်း ကိုယ့်အားကိုယ်ကိုးကာ ပင်ပန်းတကြီးတပ်ဆင်လျက်ရှိပေသည်။
(စကားချပ်….ဗဟုသုတအရာနိုက် ကျွမ်းကျင် လိမ်မာလှသော အကျွန်ုပ်သည် မတ်တပ်ရပ် လျှပ်စစ်လေဒလက်ဧ။် ရှည်အောင်ထုတ်ရသော သံအရိုးတံကိုမတွေ့ သဖြင့် ရောင်းလိုက်သောဆိုင်မှ သကောင့်သား မောင်ကုလားများကို တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ရှစ် (နွားချေး) ဟုမကြာခဏ စိတ်ဆိုးတိုင်း ဂါထာစုတ်လျက်ရှိရာ သံအရိုးတံမှာ မနေနိုင်တော့ဘဲ အောက်ခံ အရိုးတံထဲမှ ထွက်ကျကာ ကိုယ်ရောင်ပြရလေသတည်း)။

ထိုသို့  ၂ယောက်သားကိုယ်သန်ရာသန်ရာကဏ္ဍတွင် လုံ့ လစိုက်ထုတ်ကြရာ နာရီ ၂မောင်းတီးအချိန်တွင် ထမင်းဟင်းများ လည်းကျက် ကာ ကျွန်ုပ်ဧ။် လေဒလက်သည်လည်း သူ့ ဂျူတီကိုစ၀င်နေပေပြီ။ အာရုံစိုက်မှုတခုခုမရှိလျင် မရပ်တည်နိုင်သော လူ့ သဘာဝအရ အာရုံနောက်တမျိုးပြောင်းကာ ဆာသော ဝေဒနာကို အလွန်အမင်းခံစားရလေသည်။

သို့ နှင့် နေ့ လည်စာ အချိန်လွန် အဟာရမှီဝဲခန်းစလေရာ ကျွန်ုပ်သူငယ်ချင်းချက်ပြုတ်ထားသောဟင်းနှင့် စားကောင်းခြင်းမက ဘိုက်ကားအောင်စားမိကာ လေဒလက်မှအေးသောအရသာကြောင့် စားပီးသည်နှင့် ခင်းထားသောအိပ်ယာပေါ်သို့  ကျောဆန့် ကာထမင်းလုံးစီမိလေသည်။

ထိုသို့ မှေးတေးတေးအိပ်ပျော်မလို မပျော်မလို ကာလတွင် ကျွန်ုပ်စိတ်နှိုက် စားခဲ့သောဟင်းကိုပြန်တွေးကာ ကြက်ဋီကာ ဖွင့်သည်ကို ကြားသော ၀တိုတိုသူဝယ်ချင်းသည် စိတ်ဆိုးရလိုရီရမလိုဖြစ်ပေတော့သည်။

ကျွန်ုပ်။ ဟဲ့..ငါတို့ စားတာဒီနေ့ ကြက်သားဟင်းနော်။ နောက်တခုက ကြက်ဟင်းခါးသီးကိုကြက်ဥနဲ့  ကြော်တာ။

သူငယ်ချင်း။ အေးလေ. ဘာဖြစ်လို့ လဲ

ကျွန်ုပ် ။ ဘာမှမဖြစ်ပါဘူး…စဉ်းစားမိလို့ ပါ။

သူငယ်ချင်း ။ ဘာကိုတုန်း။

ကျွန်ုပ် ။ ကြက်ခေါင်းဆိတ်မခံလို့ ပြောရအောင်ဆူဆူညံညံ အသံထွက်နေတဲ့ အ၀တ်ခြောက်စက် ရှိတဲ့  မီးဖိုထဲမှာ ချက်ထားတဲ့ ကြက်သားဟင်းရယ် ကြက်ဟင်းခါးသီးကိုကြက်ဥနဲ့ေ၇ာကြော် ထားတဲ့ဟင်းကို ကြက်သီးထအောင်စားပီးတော့ အခုအိပ်ယာထဲမှာ ကြက်အိပ်ကြက်နိုးနဲ့  မှေးနေမိတယ်။

သူငယ်ချင်း။ အဲဒါဘာဖြစ်လဲ။ နင်ကငါချက်တာစားပီးတော့ ဘာမကောင်းဘူးပြောချင်တာလား

ကျွန်ုပ်။ မဟုတ်ပေါင်သူငယ်ချင်းရယ်။ အ၀တ်ခြောက်စက်လို အသံနဲ့ ကြက်ခေါင်းဆိတ်မခံပြန်မပြော ပါနဲ့ ။ ငါ့မှာသက်ကြီး ခေါင်းချကြက်တွန်သံ ကြားတည်းကနိုးနေတာ အိပ်ရေးတွေမ၀လို့  စကားပြောမှားတယ် ထားပါ။ နင်ရန်တွေ့ တာကြားရတာငါအံ့သြလွန်း လို့ ကြက်သေတောင် သေသွားတယ်။


သူငယ်ချင်း ။ နင်ကဘာလို့ အိပ်မပျော်ရတာလဲ

ကျွန်ုပ် ။ အော်ဘ၀အကြောင်းတွေးနေမိလို့ ပါ။ သူများတွေပြောကြတဲ့စကားလို ဘ၀ဆိုတာကြွေတလက် ကြက်တခုန်လို ဆိုတာ ငါ့အတွက်ဘယ်တော့ကြက်ခုန်ပါ့မလဲလို့ လေ။ ဒါပေမဲ့လဲ ကြက်မဘယ်လောက်တွန်တွန် မိုးမလင်းဘူးဆိုတာလဲ ကြားဖူးသား။ မမျှော်လင့်တော့ပါဘူး။ ဒီလအတွက်တော့ နှမလက်ကောက်ပေါင်ပေဦးလို့ ဘဲသဘောထားလိုက်တယ်။

သူငယ်ချင်း။ အေးဟေ့။ ဒါဆိုလဲ ပြေးနေတွေးနေတဲ့ နင့်ရဲ့ စိတ်ကို ကြက်ပေါင်ကွင်းနဲ့ ခိုင်ခိုင်ချည်ပြီး ကြက်မ၀ပ်ကျင်းထဲမှာထဲ့ထားလိုက်။ ငါတော့ကြက်ပေါင်သီးငါးပိချက်လေး စားချင်လာလို့  စဉ်းစားရင်း အိမ်မက်မက်လိုက်ဦးမယ်။

ထိုသို့ ဆိုပြီးသကာလ သူငယ်ချင်းသည် သူဧ။် စက်ခုအာရုံမျက်လုံး ၂စုံကို ကြက်အိပ်ကြက်နိုးပုံစံနဲ့ မှေးပြီး
မကြာမှီပင် ကြက်သေသေခြင်းေ၇ာက်လျက် အလာအရှင်မြတ်နှင့် ယေရှုခရစ်တို့ ဧ။် ခေတ္တ (ယာယီ) ခေါ်ဆောင်ရာသို့အိမ်မက်မက်ရင်း ကြက်မွှေးလေထဲလွှင့်သကဲ့လို့ခရီးနှင်လေရာ တခေါခေါ ဟောက်သံများပင် ထွက်လာခိုက် အဝေးမှ ကြက်တွန်သံများကိုပင်ဖုံးလွှမ်းသွားလေသတည်း။


ဖြည့်စွက်ချက်
ဤစာကိုကြက်ကန်းဆန်အိုးတိုးသလိုအတွေးပေါ်သခိုက်ရေးပီးသကာလအလုပ်မလုပ်ချင်ပျင်းရိငြီးငွေ့ သောကြောင့် ကြက်လည်လိန်ထားသလိုကြက်နာကျပြီးညနေအချိန်အိပ်တန်းတက်ရန်အချိန်ရောက်ဖို့ ကို
စောင့်မျှော်နေမိပါကြောင်း။
ကြက်ဍီကာ ပြီးဧ။်


ရေးသူ။ ကျမ မဟုတ်ပါ။

Saturday, 16 April 2011

သင်္ကြန် နှင့် PARADIGM SHIFT

လူတွေရဲ့ အသက်ရှင်ရပ်တည်မှုသမိုင်းမှာ ဓလေ့ထုံးတမ်းတွေက ဘယ်ရွေ့
ဘယ်မျှလောက်အရေး ပါလဲ။

ပြုပြင်ပြောင်းလဲလို့ မရနိုင်၊မဖြစ်နိုင်၊ လက်မခံနိုင်တဲ့
ဓလေ့ထုံးတမ်းအစဉ်အလာတွေ ကမ္ဘာ ပေါ်မှာရှိလား။

ဘယ်လောက်များများက ပြုပြင်ပြောင်းလဲဖို့လက်မခံနိုင်ပြီး၊ ဘယ်လောက်အရေ
အတွက်ကပြုပြင်ပြောင်းလဲ

ဲဖို့လက်ခံပါသလဲ။ ပြောင်းလဲဖြစ်ခဲ့ပြီဆိုရင် ထည့်သွင်းစဉ်းစားရမယ့်
အကျိုး နဲ့အပြစ် အဆိုးနဲ့အကောင်း

နောက်ဆက်တွဲ အကျိုးဆက်တွေ..။



ပုန်ကန်တဲ့ အတွေးခေါ်ဆိုတာ ကျွန်တော့်အတွက် ဘယ်တုန်းကတည်းကကပ်ပါလာခဲ့လည်းမသိဘူး။

သပုန်စိတ်ဓါတ်ဆိုတာ
ကျွန်တော့်အတွက်မွေးရာပါပဲဖြစ်မယ်ထင်ပါတယ်။အသိတွေတင်းကျပ်ပြည့်နှက်

နေလို့များလား.. ဒါလည်းမဟုတ်နိုင်ဘူး။ကျွန်တော်ကိုယ်တိုင်က ဘ၀တက္ကသိုလ်မှာ
beginner ဆိုတဲ့

သတ်မှတ်ချက်နဲ့ အသက်ရှင်သန်နေရတာ။ အသိဆိုတာ တင်းကျပ်ပြည့် နေတယ်လို့
ရှိမှမရှိတာ။ အသိတွေအတတ်ပညာတွေပြည့်နှက်ပြီး တော်ပါပြီ၊သင်ကြားမှု
နားလည်မှု တွေကိုရပ်လိုက်ပါပြီလို့
အော်ဟစ်နေတဲ့လူမျိုးတွေထဲမှာကိုယ်ကိုယ်တိုင်မပါဘူးဆိုတာသေချာပါတယ်။



လောလောဆယ် မြန်မာပြည်ရဲ့ သင်္ကြန်အကြောင်းကိုစဉ်းစားဖြစ်နေတယ်။ ပုဂံခေတ်က
စခဲ့တယ်ဆိုပြီး

တချို့ မီဒီယာတွေမှာဖော်ပြထားတယ်ဗျ။ သင်္ကြန်ဆိုတဲ့ အဓိပါယ်က
ကူးပြောင်းခြင်းဆိုတဲ့စကားက

ဆင်းသက်လာတယ်။နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူးပြောင်းတယ်။ ကူးပြောင်းတဲ့
အခါမှာ ရေနဲ့

အဟောင်းတွေကိုဆေးကြောတယ်။



သင်္ကြန်စာထဲက အတိုင်း ဗြဟ္မာဦးခေါင်းကိုနတ်သမီးတွေကလက် ပြောင်းယူတယ်။
သိကြားမင်းဆိုတဲ့ နတ်ဘုရင်က လူတွေအကျိုးအတွက် နတ်ပြည်ကလူ့ပြည်အထိ
ဆင်းလာတယ်။ ရှေးခေတ်တုန်းကရေသဘင်ပွဲဆင်နွှဲတယ်။
သပြေခက်နဲ့ရေပက်တယ်ယဉ်ကျေးတယ် ဘုရင်တွေကိုယ်တိုင် ကျင်းပတဲ့
ရေသဘင်ပွဲတော်.ဒါတွေက ကြားနေကျ ဘာညာကွိကွပေါ့ဗျာ။



သမိုင်းကြောင်းအရကိုကျင်းပတဲ့ ပွဲဆိုတာ
ခိုင်မာတယ်လို့ထင်တာပဲဗျ။သို့ပေမယ့်လည်းပုဂံခေတ် ထဲကစခဲ့တယ်

ဆိုတာကတော့ မသေချာပါဘူး။ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းစကားအရ
ပုဂံခေတ်မှာဘောင်းဘီဝတ်သလား၊

ပုဆိုးဝတ်သလား ဆိုတာတောင် တိတိကျကျမသိနိုင်ပါဘူး။ ပုဂံခေတ်ကသပြေခက်နဲ့
ရေပက်ကြတယ်ဆိုတာမျိုးလည်း သပြေခက်ကိုရှေးဟောင်းသုတေသနက
တူးဖော်ပြီးသက်သေပြနိုင် ရင်ကောင်းမှာပါ။ကျွန်တော့်လိုကတ်သီးကတ်သတ်
ကောင်တွေအတွက် ဒါမျိုးရှိထားသင့်တယ်လေ မဟုတ်ဘူးလား။



လူဆိုတာမျိုးကလည်းတိရိစ္ဆာန်တွေ
မဟုတ်လေတော့ဓလေ့ထုံးတမ်းအစဉ်အလာတွေနဲ့လုံးထွေး ရစ်ပတ်ပြီးမှ

မွေးဖွားတယ်၊ ရှင်သန် တယ်၊ ကြီးပြင်းတယ်၊ သေဆုံးတယ်။
ကြီးကြီးကျယ်ကျယ်တွေး တယ်။ တီထွင်ကြံဆတယ်။

သူများဆီက ကောင်းတာ သင့်တော်တာတွေ့ရင် အတုယူတယ်။ဒါတွေ
ဟာလူ့သမိုင်းရဲ့တိုးတက်ဖြစ်တည်ပြောင်းလဲမှုပါ။



Culture လို့ပြောတဲ့ ဓလေ့စရိုက်က ပထမအစအဦးမှာ
ရေစီးကြောင်းကျဉ်းကျဉ်းလေးနဲ့ စပြီး။ ရာစုနှစ် တွေကြာလာတာနဲ့
အမျှကျယ်ပြန့်တဲ့မြစ်ကြောင်းဖြစ်ပြီး နောက်ဆုံးပင်လယ်လောက်ကျယ်ပြောခဲ့တာ
ပါ။ ကျွန်တော်တို့ဝတ်ဆင်နေတဲ့
ပုဆိုးဆိုတာကုလားဆီကလာတယ်။တိုက်ပုံဆိုတာတရုပ်ဆီကပုံစံကူး ချတယ်။
ပုဂံခေတ်လောက်တုန်းက မြန်မာတွေ

ဘောင်းဘီဝတ်တဲ့ ဓလေ့ရှိဖို့များတယ်။ကုလားနဲ့တရုပ် ဆီကအတုယူရင်း
ပွဲတက်ဝတ်စုံအဖြစ် ပုဆိုးတဲ့ တိုက်ပုံဆိုတာ

ဖြစ်လာတယ်။ ကျွန်တော်တို့ဒီမျှ လောက်တော့သိထားသင့်ပါတယ်။



သင်္ကြန်ဆိုတာကျွန်တော်တို့ ကလေးဘ၀အရွယ်ကတည်းက ပျော်ရွှင်ခဲ့ရတဲ့ အချိန်ကာလပါ။ သူများ

ကိုရေစိုအောင်ပက်မယ်။ ကစားမယ်။ လွတ်လပ်ခွင့်ဆိုတာကို သင်္ကြန်မှာ အပြည့်အ၀ရပါတယ်။

ဒါက ပျော်ရွှင်မှုသက်သက်ပါ။အပျော်သက်သက်ဓလေ့စရိုက်ကို ဒီအတိုင်းချည်းပဲ
သတ်မှတ်ထားလိုက်ရင်

အ၀တ်အစားမ၀တ်ပဲ လမ်းလျှောက်ထွက်နေတဲ့မိန်းကလေး အတိုင်း လွန်လွန်ကျူးကျူး၊
မလျှော်မကန်

တာတွေဖြစ်ကုန်မှာပါ။ ဒါကြောင့် ရှေးလူကြီးတွေက ဘာသာရေး၊လူမှုရေး ကိုပါ
ထည့်သွင်းသတ်မှတ် ပါတယ်။



ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့်၊ တရားထိုင်။ အိမ်တိုင်းမှာ
မုန့်လုပ်ပြီး လာသမျှလူကို စတုဒီသာကျွေးပါတယ်။

နှစ်ဟောင်းက နှစ်သစ်ကိုကူးပြောင်းတဲ့နေရာမှာ ကုသိုလ်ကောင်းမှု လုပ်ပြီး
ကူးပြောင်းတယ် ဆိုတဲ့ အချက်လေးနဲ့

သင်္ကြန်ရဲ့ အဓိပ္ပါယ်ဟာ အရမ်းလှပပါတယ်။ နောက်တစ်ချက် ရာသီဥတုအရ
ကျားကန်ကန်ပေးထားတဲ့ အချက်ကလည်းကောင်းပါတယ်။ မြန်မာပြည်ရဲ့ အပူဆုံးလ
ဖြစ်တဲ့ ဧပြီလမှာ သကြန်ရေသဘင်ပွဲကို နွှဲတယ်ဆိုတာပါပဲ။



ရာသီဥတုပူပြင်းတဲ့ အချိန်မှာ လူတွေ ရေကစားကြတာ လက်ခံနိုင်တဲ့ ဓလေ့ပါ။
ဒါကြောင့်မြန်မာပြည်အနေနဲ့

ဘာသာရေးအရ၊ လူမှုရေးအရ ကြည့်ရင် သင်္ကြန်ဆိုတာ ကောင်းပါဧ။်ဗျား။



သတိထားမိသလောက် ကျွန်တော်တို့ကြီးပြင်းလာခဲ့တဲ့ ဆယ်စုနှစ် ၂
ခုကျော်ကာလမှာ သင်္ကြန်ဆိုတာ ပြောင်းလဲလာသလိုခံစားရတယ်။အမှန်တကယ်လည်း
အချိန်ကာလများအကြားပြောင်းလဲခဲ့ပါတယ်။

ပြောင်းလဲပေးတဲ့ factors တွေက လူတွေကိုယ်တိုင်ပါ။ သင်္ကြန်ဆိုတဲ့သဘောတရားအရ
အပျော်နဲ့ ကုသိုလ် ဆိုပြီး

ပူးတွဲပါဝင်ပါတယ်။ အပျော်ဆိုတာ လူတိုင်းပျော်တတ်ပါတယ်။ ခံစားတတ်ပါတယ်။
ပျော်ရွှင်မှု ဆိုတာ လူမပြောနဲ့ တိရိစ္ဆာန်တောင်ခံစားတတ်ပါတယ်။



ကောင်းမှုကုသိုလ်ပြုခြင်း ဆိုတဲ့ သဘောက လူသားဆန်ပါတယ်။ လူပီသစေတဲ့ အချက်၊
တိရိစ္ဆာန်နဲ့ လူဆိုတဲ့သဘော

ကွဲပြားခြားနားမှု အဓိကအချက်ဖြစ်ပါတယ်။ ဗုဒ္ဒဘာသာမြန်မာလူမျိုးတွေရဲ့
နှစ်သစ် မှာ ကောင်းမှုကုသိုလ်နဲ့ အစပြုခြင်းဟာ လုံးဝမဖြစ်မနေလုပ်ရမယ့်
အလုပ်ပါ။



လူတွေရဲ့ဓလေ့စရိုက်ကို လူတွေကပဲပြောင်းလဲပါတယ်။ ချက်ချင်း ၉၀
ဒီဂရီတစ်ဆစ်ချိုးပြောင်းလဲသွား တာမျိုးမဟုတ်ပါဘူး။ ဆယ်စုနှစ်တခု သမိုင်း၊
ရာစုနှစ်သမိုင်း..ဒီလိုအချိန်ကာလ ခပ်ကြာကြာအကြား
တဖြည်းဖြည်းနဲ့ပြောင်းလဲတတ်တာပါ။



ဥပမာတစ်ခုလောက်ပြောရရင်.. သင်္ကြန်မိုး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို
မြန်မာတိုင်းကြည့်ဖူးမှာပါ။

မြန်မာပြည်တစ်ပြည်လုံးရဲ့ စိတ်နှလုံးကိုညှို့ယူသွားတဲ့ ဇာတ်ကားပါ။ မိဘ၊
သားသမီးအစဉ်အဆက်

သင်္ကြန်ပွဲတော်ကို ဆင်နွှဲတယ်၊ အနုပညာ သီချင်းတွေကောင်းတယ်။ ဇာတ်လမ်းဇာတ်ကွက်က

သင်္ကြန်မှာ ပျော်ရွှင်ရတာ တန်ဖိုးရှိတယ်။ မပျော်ရွှင်လိုက်ရဘူး။
မပါဝင်လိုက်ရဘူးဆိုရင်အချိန်တွေ

နှမျောစရာကောင်းတယ်။ ဒီလိုမျိုး message တွေပေးတဲ့ ဇာတ်ကားပါ။



ကျွန်တော့်အနေနဲ့ဆိုရင်လုံးဝအကျိုးရှိတဲ့ ရုပ်ရှင်ကားမဟုတ် ပါဘူး။
အပျော်သက်သက်ကလွဲပြီး

ရင်ဘတ်ထဲကို ဘာတခုမှ ၀င်မလာခဲ့လို့ပါ။ ကြိုက်သလိုငြင်းကြဗျာ။
မြန်မာ့အသံနဲ့ အခြားရုပ်သံတွေက

အခါခါလွှင့်ဖြစ်ပါတယ်။ လူတိုင်းရဲ့ နှုတ်ဖျားမှာ မရိုးနိုင်တဲ့ရုပ်ရှင်ပါ။
ဇာတ်ကားက အနုပညာအမြင်

လောက်နဲ့ဆိုရင် အတော်ကောင်းမှာပါ။ မြန်မာတွေရဲ့ ချစ်စရာကောင်း တဲ့ဓလေ့နဲ့
ပျော်ရွှင်မှု

ကိုဖော်ပြထားပေမယ့် တကယ်တမ်းလူတွေ စိတ်ထဲမှာနေရာယူသွားတာ အပျော်သက်သက်ပါ။



ဒီဥပမာနဲ့ အဓိကပြောချင်တာက လူတွေရဲ့စိတ်ခံစားမှုကို ဖမ်းယူနိုင်တဲ့
မီဒီယာ လိုမျိုး များလေလေ

လူအများရဲ့ ခံစားသိမှု trend က ပြောင်းလဲသွားနိုင်လေလေပါပဲ။ နောက်ဆက်တွဲက
အချိန်ကြာလာတာနဲ့

အမျှ အတွေးအမြင် ဓလေ့စရိုက်တွေပါ ပြောင်းလဲသွားခဲ့ပါတယ်။
ဒီလိုရုပ်ရှင်ကား တွေက လူတွေရဲ့

mindset ကိုပြောင်းတယ်။ ဓလေ့စရိုက်ကို ဖြည်းဖြည်းချင်းပြောင်းလဲသွားစေတဲ့
အခြေခံ factors

တွေထဲက အချက်တွေဖြစ်လာပါတယ်။ သင်္ကြန်ဆိုတာအပျော်သက်သက်ပါပဲ၊

ကုသိုလ်ကောင်းမှုပြုခြင်းတွေက သိပ်အရေးမပါလှပါဘူး။ ဘီယာအရက်သောက်သုံးခြင်းကို

လူမှုပတ် ၀န်းကျင်က တရားဝင်ခွင့်ပြုထားသလို သင်္ကြန်မှာ
ပျော်ဖို့ပါးဖို့အဓိကပါပဲ ဆိုတဲ့

စိတ်ကူးမျိုးတွေ ဖြစ်လာပါတယ်။



ဒီနှစ်သင်္ကြန်မှာ သီချင်းအသစ်အဆန်းတွေများများကြားရတယ်ပါတယ်။ အနုပညာအရတန်ဖိုးဖြတ်

ရင် တန်ဖိုးတစ်ပြားမှမရှိသော၊ လူတွေအတွက် တန်ဖိုးရှိတဲ့ message
တခုမျှမပေးနိုင်သော သီချင်းတွေ၊

အရုပ်တွေ အသံတွေ အများကြီး ထွက်ပါတယ်။ အရက်မူးပြီးကရင် အဆင်ပြေနိုင်တဲ့
သီချင်းမျိုး၊ ဘာအဓိပ္ပါယ်မှမထွက်ရင်လည်းဖြစ်ပါတယ်။





ကျွန်တော်တို့ မြန်မာလူမျိုးတွေကလည်း ရိုးရာပျက်မှာ
အလွန်ကြောက်ရွံ့ပါတယ်။ သင်္ကြန်မှာ ရေပက်ခံထွက်ခြင်း၊
ရေပက်ရန်မဏ္ဍပ်ဆောက်ခြင်း၊ အရက်၊ ဘီယာ ဆေးလိပ် ကုမ္မဏီများ အတွက်
အမြတ်ဝင်ငွေရအောင်

တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းခြင်းတွေနဲ့ သင်္ကြန်မှာ ပါဝင်ဆင်နွဲကြပါတယ်။
မိန်းမပျိုများ၊ ကလေးသူငယ်များပါ

မကျန် သင်္ကြန်မှာ အရက်သောက်ကြခြင်းဆိုတာတရားဝင်သတ် မှတ်တဲ့ ရိုးရာဓလေ့ ဖြစ်လာပါပြီ။



မြန်မာပြည်ကလူများ အားသန်တဲ့ အလုပ်ဆိုတာ ရိုးရာမပျက်တဲ့
အလုပ်များဖြစ်မယ်လို့ထင် ပါတယ်။

စာဖတ်ခြင်း နိုင်ငံရေးဆိုတဲ့စကားလုံးကို နားလည်အောင်လုပ်ခြင်း စသည့်
တို့ကို ဝေရာမဏိ လုပ်ထားတာ ရိုးရာပါ။

သင်္ကြန်ဆိုရင်တော့ မပျက်မကွက်ပျော်မယ်ပါးမယ်။ ငွေကုန်မယ်၊ အားအင်ကုန်မယ်။
သင်္ကြန်ရဲ့ တစ်ဝက်လောက်ပဲ တခြားအကျိုးရှိတဲ့နေရာမှာ စိတ်ဓါတ်ခွန်အားတွေ
စိုက်ထုတ်ခဲ့ဖြစ်မယ်ဆိုရင်ဗျာ……………………………………..။



ရုပ်သံတွေကလည်း သင်္ကြန်ကစားတဲ့လူတွေကို အင်တာဗျူးတယ်။ သင်္ကြန်မှာ လူတွေကို
ဘာပြောချင်ပါသလဲ..။ ဘယ်လိုခံစားရပါသလဲ..ဆိုပြီး အထွေအထူးမေးခွန်းတွေ
မေးကြတယ်။ ဖြေတဲ့လူကလည်း ထူးထူးခြားခြား

ဖြေစရာဘာမှမရှိပါဘူး။ ပျော်ရွှင်ပါစေ ဆိုပြီးပဲဖြေကြပါတယ်။
စိတ်ခံစားမှုအနေနဲ့ ပျော်ရွှင်တယ်ဆိုတာ

ခွေးတောင် ပျော်တဲ့ ခံစားမှုကို သိပါတယ်။
ဘာမှလည်းမဟုတ်ပါဘူး။နားလည်တတ်ရင် သနားဖို့ကောင်းပါကြောင်း...





လွတ်လပ်စွာ ကွဲလွဲနိုင်ပါကြောင်း



SOE HTET

01:56AM, April 15th

Sunday, 3 April 2011

Mother's Day

ဘုရားပန်းတင်ဖို့ လိုက်ရှာတယ်။ ဒီနေ့  Mother's Day ဆိုတော့ ပန်းစည်း လှလှတွေ တွေ့ မလားဆိုပြီး ကြည့် မိတယ်။ Economy cut လုပ်နေတဲ့  အစိုးရကြောင့်လား၊ တရိပ်ရိပ်တက်လာတဲ့ VAT နဲ့  လောင်စာဆီကြောင့်လား မသိ။ အားလုံးဈေး ကြီးနေတာပါဘဲ။ နှင်းဆီပန်း အနီတစ်စီး ဝယ်လိုက်တယ်။ ပန်းစည်း လှလှတွေ လဲ အရင်နှစ်တွေကလို မြိုင်မြိုင်ဆိုင်ဆိုင် မတွေ့ ခဲ့ရဘူး။ ဖုန်းနဲ့ ဓါတ်ပုံရိုက်လာခဲ့တယ်။ အိမ်ပြန်ရောက်တော့ ၁၁နာရီခွဲ ပြီ မွန်းမတည့် ခင် ဘုရားဆွမ်းတော်ကပ် ပန်းကပ် ဆီမီးပူဇော် ရေချမ်းကပ် လုပ်ဖြစ်လိုက်တယ်။ ကောင်းသော အမေများနေ့ ပါ။ အဝေးမြေမှ မိခင် ကျန်းမာပါစေ လို့ ဆု့ တောင်းတယ်။















Saturday, 2 April 2011

ဂျစ်ပစီ "ကြောင်"

မေ့ န ည က ဟင်းချက်နေတုန်း ဂျစ်ပစီ ၂ကောင် မီးဖိုအဝမှာ လာတယ်။ အစားလာစားတယ်။ အမဲအကြား ကောင် ဆင်းသွားတော့ ကြက်သားနည်းနည်း စဉ်းပြီး ခွက်ထဲ ထည့်ပေးတယ်။ အဝါကြား ဖက်တီးကောင် လာစားတယ် နည်းနည်းဘဲ ။အိမ်မပျော်တဲ့ လေလွင့် ကြောင်တွေလားမသိဘူး။ ရာသီဥတု အေးအေးမှာ အပြင်ထွက် အစားရှာ တယ်။ အစားခွက်ထဲက အစာထက် အပြင်က ကြွက်တွေကို အမဲလိုက်ဖို့ စိတ်စောနေပုံဘဲ။ အိမ်ရှင် အမျိုးသမီး ချထားတဲ့ အစားခွက် ကို သူတို့ မကြာခဏ လာစားတတ်ကြပေမဲ့  တံခါးဖွင့်ထားရင် တော်ရုံတက်မလာကြဘူး။ မေ့ န ကတော့ ထူးဆန်းတယ်။ အတင့်ရဲ တဲ့ ဂျစ်ပစီ ၂ကောင် ကို မှတ်တမ်းတင်လိုက်တယ်။ အဝါကြား ဖက်တီးကတော့ အစားစားပြီး နောက်ဖေး သံလှေကား ခြေရင်း ကနေ ကင်းစော့င်နေလေရဲ့။

Monday, 14 March 2011

တစ်ခါတုန်းက...........(၁)


ရှမ်းပြည်တောင်ပိုင်း အညိုရောင်နယ်မြေ တစ်နေရာရဲ့ အုပ်စုရွာကြီးတရွာက အလယ်တန်းကျောင်းထဲမှာ ကျင်းပတဲ့ အစည်းဝေးပါ။

ဆရာကြီး။……..။ “ဆရာ၊ ဆရာမတို့ ကို ဒီနေ့ အစည်းဝေးခေါ်ရတဲ့ အကြောင်းကတော့ လာမဲ့တပတ်ထဲမှာ အုပ်စုတခုလုံးမှာရှိတဲ့ မူလတန်းကျောင်းအားလုံးကို လက်ထောက်ပညာရေးမှူး ကျောင်းစစ်လာမှာ ဖြစ်ကြောင်းအသိပေးခြင်းဖြစ်ပါတယ်။”

“ဆရာ ဆရာမတို့  အနေနဲ့  မိမိတို့  ကျောင်းကို အကောင်းဆုံးအနေအထားနဲ့  ပြင်ဆင်ထားကြပါလို့  တိုက်တွန်းချင်ပါတယ်။ လိုအပ်တဲ့ကျွေးမွေးဧည့်ခံမှု များကိုတော့ ရွာခံလူကြီးများနဲ့  တိုင်ပင်ကြပါ။ ကျောင်းအားလုံး အဆင်ပြေပြေနဲ့  စစ်ဆေးမှု အောင်မြင်မယ်လို့  ကျွန်တော်မျှောင်လင့်ပါတယ်။ ကဲ..ဒီနေ့  အစည်းအဝေးရဲ့ အဓိက အကြောင်းအရာကတော့..ဒါပါဘဲ။ ဆရာ ဆရာမတို့  ကို အထူးကျေးဇူးတင်ပါတယ်။

နယ်မြေခံကျောင်းအုပ်ဆရာကြီးရဲ့ စကားအဆုံးမှာ ဆရာဆရာမပေါက်စတွေ ယောင်လည်လည်နဲ့  ကျောင်းထဲက ထွက်ပြီးအသီးသီး ကိုယ့်ရွာကိုယ်ပြန်ခဲ့ကြပါတယ်။

အဲဒီအချိန်က အရေးအခင်းတွေပြီးခါစ တက္ကသိုလ်ကျောင်းတွေပိတ်ထားတဲ့ အချိန်ပါ။ အိမ်မှာ ဆန်ကုန်မြေလေးလုပ်ပြီး ထိုင်စားမနေနိင်တဲ့၊ ရန်ကုန်ဆင်ခြေဖုံးမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ညီအစ်မ ၂ယောက်ရဲ့ မူလတန်း ကျောင်းဆရာမပေါက်စ ဘ၀ကို ခက်ခက်ခဲခဲ ဖြတ်သန်းနေကြတဲ့ အချိန်ပေါ့။ ရှမ်းပြည်တောင်ပိုင်း တောင်ပေါ်မြို့တစ်မြို့ကနေ နှစ်ညအိပ် သုံးရက်ခရီးကို လှည်းနဲ့  ပစ္စည်းတွေတင်ပြီး လူတွေကလမ်းလျှောက်သွားရတဲ့ ဒေသက ရွာကလေးတခုစီမှာ ဒေသခံကလေးတွေကို စာသင်ပေးဖို့  တာဝန်ယူခဲ့ကြပါတယ်။

တာဝန်ကျတဲ့ ၀ိန်းကောင့်ရွာမှာ ယောနယ်က ဆရာမတယောက်နဲ့ အတူ ရွာကမြန်မာစကား နဲနဲနားလည်တဲ့ ရှမ်းမိသားစုအိမ်မှာ နေကြပါတယ်။ ကျေးရွှာဥက္ကဌ အိမ်ကိုအကျိုးအကြောင်းပြောပြကာ အရာရာ အဆင်ပြေအောင် အတော်ကြိုးစားစီမံရပါတယ်။ အဓိကကတော့ အစားသောက် ဧည့်ခံဖို့  ကိတ်စပါဘဲ။ ရှားပါးတဲ့ ဒေသမို့  ကြက်ဥတောင်ကြက်မကို ခါချမှရတဲ့ အခြေအနေရယ်၊ ဘာသာစကား မပေါက်တာရယ်ကြောင့် စစ်ပွဲတရာနွှဲလိုက်ချင်ရဲ့ ကြက်သားတော့ မစားချင်ပါဘူးကွယ်လို့  ဆိုရမဲ့ဘ၀ပါ။

ကိုယ့်ဖက်က လိုအပ်တာတွေလုပ်ပြီးပေမည့် ကြောက်လန့်  နေပါသေးတယ်။ အဲဒီအခါတုန်းက အစိုးရလူကြီးဆို ကြောက်နေပြီးသားဖြစ်တဲ့ အပြင် ကိုယ့်ကျောင်းအမှတ်မရမှာ အင်မတန်စိုးရိမ်မိတာပါ။ (အခုမှပြန်တွေးကြည့်ရင် တော်တော် အဓိပ္ပါယ် မရှိပါလားလို့ တွေးမိပါတယ်။) ဆရာ ဆရာမပေါက်စတွေကို ဘာထရိန်နင်မှမရှိဘဲ ပို့  လိုက်တာပါ။ အရင်ကတော့ ဒီလိုပါဘဲ။ ဆရာဖြစ်သင်တန်းဆင်းလဲ မဟုတ်ကြပါ။

ဒီလိုနဲ့  လက်ထောက်ပညာရေးမှူးရောက်လာပါပြီ။ တစ်ရွာပြီးတစ်ရွာ ၀င်စစ်တဲ့သတင်းကို နားစွင့်နေကြပါတယ်။ ဘယ်ကျောင်းကတော့ ဘယ်လို မှတ်ချက်ရတယ်။ ဘာညာပေါ့လေ။

နောက်တော့ အားလုံးသဘောပေါက်လာတာက ဧည့်ခံကျွေးမွေးတဲ့ အစီအစဉ်က အရေးအကြီးဆုံးဆိုတာပါပဲ။ လိုအပ်သည်များကို မှာစားသွားပါသည်ပေါ့လေ။ ကျောင်းဆိုတာစစ်စရာ ဘာမှပြစရာမရှိတဲ့ တံခါးမပါတဲ့ တဲကုတ်လေးသာဖြစ်ပြီး စာသင်ခုံလေး လေး ငါးလုံးပဲရှိတာဆိုတော့ ဘယ်အရာကိုများ စစ်ဆေးပြီး အမှတ်ပေးပါ့မလဲ။

သင်ကြားရေးနားလည်မှုစစ်ဖို့  ဆိုတာလဲ ၂ ယောက်နဲ့  တစ်ပိုင်းရှိတဲ့ကျောင်းသားထဲမှာ မနက်ဖြန် မင်္ဂလာဆောင်တော့မည့် ၁ တန်းကျောင်းသူကို အတင်းကျောင်းတက်ခိုင်းထားရတဲ့ အဆင့်ဆိုတော့ စဉ်းစားသာ ကြည့်ကြပါတော့။ အိမ်မိုးဖက် သွားကောက်ကြတဲ့ ကလေးတွေမလာမှာစိုးလို့  လှေဆိပ်အထိလိုက်ခေါ်ရတဲ့ ကျောင်းဆရာဘ၀တွေပါ။ အခုမြို့က ဂိုက်လုပ် ကျုရှင်သင် ၀ိုင်းပြနေတဲ့ ဆရာမတွေရဲ့ဘ၀နဲ့  မိုးနဲ့  မြေလိုကွာပါတယ်။

ဒီလိုနဲ့ ဝိန်းကောင့်ရွာရဲ့ ရွာနီးချင်း ကွန်နားရွာကိုစစ်တဲ့နေ့ ရောက်လာပါတယ်။

ကွန်နားရွှာမှာ ကျောင်းရဲ့ တစ်ဦးတည်းသော ကျောင်းဆရာလဲဖြစ် ကျောင်းစာရေးလဲဖြစ် အထွေထွေ လုပ်သားလဲဖြစ်သူ ဆရာကိုအောင်ညိုဟာ ရင်တခုန်ခုန်နဲ့  လက်ထောက်ပညာရေးမှူးကို ဧည့်ခံပါတယ်။ ရွာခံလူကြီးတွေရဲ့ ပူးပေါင်းပါဝင်မှု ဆရာကျောင်း ကိုအောင်ညိုရဲ့  စည်းရုံးရေးကောင်းမွန်မှုတို့  ကြောင့် လက်ထောက်ပညာရေးမှူးရဲ့  “ကောင်းလိုက်တာ အမှတ်ပြည့်ပဲ” ဆိုတဲ့ မှတ်ချက်ကို ရခဲ့ပါတယ်။ ဆရာကိုညို တော်တော်ပျော်ပါတယ်။ ယောနယ်သားမို့  ရိုးစင်းတဲ့စိတ်နဲ့  ထမကမိအောင် ထိန်းရတဲ့အထိပျော်ပါတယ်။

လက်ထောက်ပညာရေးမှူးလဲ အတော်လေး သဘောကျတော်မူပါတယ်။ ဒါနဲ့  ပဲ ဟန်ပြသဘောနဲ့  ကျောင်းကိုဝင်စစ်ပီး ပြန်အထွက်၊ တချိန်လုံးကောင်းတယ် ကောင်းတယ် ပြောလာတဲ့ လက်ထောက်ပညာရေးမှူးခမျာ သရဲသဘက်ကို မြင်လိုက်ရသလို မျက်လုံးအပြူးသား စကားအထစ်ထစ်နဲ့  “ကဲ… ပေးခဲ့တဲ့အမှတ်တွေ ကုန်ပါပြီ” လို့  မြည်တမ်းလိုက်ပါသတဲ့။

ဆရာကိုအောင်ညိုလည်းအလန့်  တကြားနဲ့  ပညာရေးမှူးပြရာကို ကြည့်လိုက်တော့ ပညာရေးမှူး လာမှာမို့  တစ်ကျောင်းပီးတစ်ကျောင်း လှည့်ငှားထားရတဲ့၊ အရွယ်တူုကြယ်ဖြူ ၁၄ လုံးပါတဲ့ ကျောင်းရှေ့ အလံတိုင်က မြန်မာနိုင်ငံအလံတော်ဟာ ဇောက်ထိုးအနေအထားနဲ့  ကြွားကြွားဝင့်ဝင့် လေမှာ တလွင့်လွင့် ဖြစ်နေတာပါပဲ။ “ကိုအောင်ညိုရေ အကြောင်းမကောင်းရင် သေဒဏ်ပါတဲ့ခင်ဗျ” လို့  ဆိုလိုက်တော့ ကိုအောင်ညိုမျက်နှာ ဇီးရွက်ကို မိတ္တူချုံ့ ထားသလိုပါဘဲ။ အဲဒီကစပြီး သူ့ နာမည်ကို ဇောက်ထိုးဆရာကျောင်းလို့  ခေါ်ကြပါတော့တယ်။

ဒေသခံတွေအားလုံး စာ (လုံးဝ) မရေးတတ်ပါဘူး။ ဒါတွေဟာအဖြစ်မှန်တွေပါ။ ဆင်းရဲမွဲတေတဲ့ ဒေသတွေအကြောင်း ရန်ကုန်မြို့ ၀န်းကျင်မှာနေထိုင်တဲ့သူတွေ မသိနိုင်ကြပါဘူး။ တာဝန်ကျရာရွာကို အလာ ရေဆာလွန်းလို့  တောလမ်းခရီးမှာ တွေ့  တဲ့ ရေအိုင်ထဲကရေတွေကို သောက်ခဲ့ရပါတယ်။ ပိုးလောက်လမ်းတွေတွေ့  ပေမဲ့ ရေငတ်လာတော့မရှောင်နိုင်ပါ။ ရေသန့်  သောက်တိုင်းမှာ သတိရပါတယ်။ အနံ့  တောင်အခုထိစိတ်ထဲမှာစွဲနေတုန်းပါဘဲ။

အဲဒီရွာမှာ နှစ်နှစ်လောက်နေထိုင်ပီး ငှက်ဖျားကို ရင်ဝယ်ပိုက်လို့  ဆေးရုံကို ချောင်းပေါက်မတတ် တက်ပြီးသကာလ လစာလေး မဖြစ်စလောက်ကို လာဘ်စားသူ ပညာရေးမှူးကြီးထံမှာ ရောင်းချပြီး နေရပ်ပြန်ခဲ့ကြောင်းပါ။

အတူရင်ဆိုင်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့  စိတ်ထားဖြူတဲ့ယောနယ်ကသူငယ်ချင်းလေးတွေကို ဒီစာလေးနဲ့  သတိတရ မှတ်တမ်းတင်ပါတယ်။

ဘယ်နေရာ ဘယ်ရောက်ရောက် မမေ့နိုင်စရာ အကြောင်းအရာတွေကို အချိန်ရရင် ထပ်ရေးပါဦးမယ်။

မှတ်ချက်။.............။ အစ်မတော် ရေးပါသည်။

Saturday, 12 March 2011

ပုစွန်ဆီရောင်အိမ်မက်.......


နှင်းလွှာဝတ်ရုံ၊ စောင်လိုခြုံလို့ 
လွင်ပြင်တလွှား၊ ငါဖြတ်ကျော်ခဲ့သမျှ
ပေါ့ပေါ့လေးပါပဲလား။

မြူနှင်းလွှလွှ ၊ အေးမြမြနဲ့ 
ငါလျောက်သွားနေလိုက်တာ
ကမ္ဘာအနှံ့ တောင်ထင်ရဲ့။

ဆောင်းမနက်ရဲ့ ၊ နုလျလေပြေ နှင်းမှုန်ဖွေးတို့ 
ငါ့ပါးပြင်ကို ၊ အတင့်တရဲ နမ်းရှိုက်လိုက်ကြတာ
မွှေးညင်းတွေတောင် ရှက်ရွှံ့အေးစက်ကုန်ကြပြီ။

ရင့်ထော်ကြမ်းတဲ့ ၊ ငါ့ခြေဖ၀ါးကို
အိစက်ညက်ညောင်း ၊ ဖော့ဖယောင်းသဖွယ် ကပ်ညှိလာလို့  ငါငုံ့ ကြည့်လိုက်မိ
အိုး........ ငါတိမ်တွေပေါ်မှာပဲ။

တွတ်တီးတွတ်တာ ၊ မြည်သံစာနဲ့ 
ညာပုခုံးဖက်က ၊ အသံကြားမိ ငဲ့စောင်းကြည့်တော့
ကျလိကျလိနဲ့  ကောင်းကင်ငှက်လေးက နှုတ်ဆက်တယ်... “မင်္ဂလာနံနက်ခင်းပါ” တဲ့။

နှောင်းတမြည့်မြည့် ၊ ဆောင်းလေအဝှေ့ မှာ
တယောသံသာလွှင့်မြောလာလို့  ၊ ငါဖမ်းဆုပ်ကြည့်မိတယ်
ငါးဖယ်တိုး တိုး သလို ၊ လွှင့်မြောသွားတဲ့ သံစဉ်လေးက ငါ့လက်ဖ၀ါးကြမ်းတွေကို နှုတ်ဆက်သွားတယ်
ချမ်းမြေ့ပါစေ ၊ ခရီးသည်တဲ့ဗျာ။

သင်းတပျံ့ပျံ့နဲ့  ၊ တောက်ပခြင်းမရှိတဲ့
ရနံ့ စုံကို ငါရှုရှိုက်မိလို့  ၊ သိချင်ဇောနဲ့  ဝေ့၀ိုက်ကြည့်တဲ့ခါ
အားပါး........ ငါ့ကိုဆွဲခေါ်နေတာ ပန်းပွင့်ဥယျာဉ်ကြီးပါလား။

ခံစားချက်ရင်ဘတ် ၊ တဆတ်ဆတ်ခုန်ရင်း တသိမ့်သိမ့်တုန်ခဲ့ပြီ
ပြင်းပြတဲ့ဆန္ဒက တယောသံရဲ့ပိုင်ရှင်ဟာ ဘယ်သူလဲပေါ့။

တိုးညင်းသွယ်လျ ၊ သောတသံစဉ်တစ်ချို့
ငါ့နားစည်ကိုတောင် ရိုက်ခတ်လာပြီပဲ။

..♫.... ♪....♫ ♪...................*...♥....*
...*..........♫ ♪.....♥........

ဟော........ တိုးရာက ကျယ်လာပြီ........

...♫.... ♪....♫ ♪...................*...♥....*
...*..........♫ ♪.....♥........*.......
*... ♪.....♫ ♪.......


မှီ............ အူး...............၊ မှီ........အူး....။
မှီ...အူး၊ မှီ..အူး၊
မှီအူး၊ မှီအူး။
မြှောင်၊ မြှောင်၊ ညောင်ညောင်။
ခလွမ်၊ ချွင်၊ ခွမ်း၊ ၀ုန်း ဂလုန်း။
ဒုန်း...................။

“အောင်မြတ်လေးဗျ”

“တောက်” .. “ခွီးပဲ... ဒီကြောင်တွေ မိုးတောင်မလင်းသေးဘူး”
“ဆူညံနေတာပဲ ..... တောက် .. ကွာ”

သံစဉ်ပုံလေးတွေကို မရိုစ့် ဆီကကူးယူပါသည်။