Monday 26 August 2013

လူ့ အဆင့် အတန်းနဲ့  ဗဟုသုတ

ကဲဗျာ....... စာဆက်ပြတ်သွားပြီး သိပ်လည်း မရေးချင်တော့ဘူး။ တိုတိုပဲ အကျဉ်းချုံုးလိုက်မယ်။ ကျနော့် ဘော်ဒါ သူ အိမ်ပြန်ရောက်တော့ သူ့ မိသားစု အပြင် အခြား ရပ်ဆွေ ရပ်မျိုး ဆိုတဲ့ ရွှေမျိုးတွေနဲ့  ထမင်းလိုက်စားရတယ်။ အဲ့မှာ ဇတ်လမ်းစတာ၊ သူက ဒီဖက်မှာ ကျန်းမာရေး အမြင်နဲ့  အပြုအမူ အကျင့် က ရွာလည်း ရောက်ရော.... သောက်ကြီး သောက်ကျယ် လုပ်တယ်တွေ ဖြစ်ကုန်ရော။

ထမင်းဝိုင်းမှာ ဟင်းချိုခွက်က တစ်ခုထည်း ဇွန်း ၂ ချောင်းလောက်နဲ့  တရှုးရှုး သောက်ကြတာ၊ သူ မခံစားနိုင်ဘူးတဲ့။ ဟုတ်တယ်လေ။ သောက်သမျှ လူတွေ အကုန် ဇွန်းကို ပါးစပ်ထဲ တစ်ဝက်လောက်တော့ ထည့်ကြတာပဲ၊ တံထွေးတွေ မပါလာဘူးလို့  ဘယ်သူ ပြောနိုင်လဲ။ ဒါနဲ့ ပဲ ထမင်းဝိုင်းမှာ ဟိုဟင်းခွက် သည်ဟင်းခွက်တွေ ရှောင်ရာက၊ လက်တွေနဲ့  ဇွိဇွက် ဆို နှိုက်တတ်တဲ့ မြန်မာ့ ညစ်တီးညစ်ပတ် ဓလေ့ ကိုပါ သူ မုန်းမုန်းလာရော၊ သူ ထမင်းစားမှ မ၀င်တော့တာ။

သူ့ အိမ်ကတော့ နားလည်မှု ရှိကြပါတယ်။ အမေအိုကြီးက ကျောင်းအုပ်ဆရာမ ဟောင်း၊ အဖေက သင်းအုပ်ဆရာ မောင်နှမတွေက လည်း ပညာတတ် ဆိုတော့ သူ ပြောတာ အကုန် နားဝင်ကြတယ်။ သူဘန်ကောက် ကို ပြန်လာတော့ အိမ်က ဖုန်းဆက်လာတယ်။ သူတို့  အိမ်မှာ အဲ့ဒီလိုပဲ ဆက်နေကြတယ်တဲ့။ 

နောက်ဆုံး တစ်ရက်ရောက်တော့ဗျာ သူ မခံစားနိုင်တော့တဲ့ အဆုံး သူ့ ဖို့  ဟင်းရည်ခွက်၊ ဇွန်းသပ်သပ် ပေးပါလားလို့  တောင်းမိရောတဲ့။ ကျန်တဲ့ဟင်းခွက်တွေက ထား၊ ပါးစပ်ထဲ တန်းမထည့်ကြဘူးကိုး။ အဲ့ဒါ အိမ်ဒီ အိမ်ကလည်း ငယ်ပေါင်းကြီးဖေါ်တွေထဲကပါပဲ။ ဘာမှ မပြောကြပေမယ့် မျက်နှာ ညိုငြင်စွာနဲ့  လုပ်ပေးကြသတဲ့။ နောက်ကျတော့ သူလည်း စိတ် အတော် ညစ်လာတာနဲ့  ကျနော် ဒီလို လုပ်ရတာ ဘယ်လိုမှ သဘော မထားကြပါနဲ့ ဗျာ၊ ကြီးကျယ်တာ မဟုတ်ပါဘူး။ ကျနော့်မှာ အသဲရောင် အသားဝါ ဘီ ပိုး ရှိနေလို့  သူများတွေကို ကူးမှာ စိုးလို့ ပါလို့  ပြောလိုက်တာ။ နောက်နေ့ တွေများ...... ဘယ်အိမ်မှ ထမင်းစားဖို့  အတင်း မခေါ်ကြတော့ဘူးတဲ့။ 

အိမ်ကို လာလည်ရင်တောင် ဘာချ ကျွေးကျွေး မစားပဲ ပြန်ကုန်ကြသတဲ့ဗျား။ ပိုဆိုးတာက မြန်မာတွေရဲ့ ပညာ မတတ် ဗဟုသုတ မရှိတဲ့ အမူ အကျင့်တွေပါပဲ။ ရပ်ရေး ရွာရေးမို့  သွားရင်တောင် သူ့ အနားကနေ ခပ်ခွာခွာ နေကြတယ် ဆိုလေ သတတ်ဗျားးးး။ 

ဒါ့ကြောင့် တခါ တခါ ကျနော် တွေးမိတာ ရှိတယ်။ ကျနော်တို့  မြန်မာပြည်သားတွေ လူ့ အဆင့် အတန်း မီဖို့ ဆိုတာ နောင် နှစ်ပေါင်း အတော်လေး ယူရဦးမယ် ဆိုတာပါပဲ။ ဒါကတော့ ဘယ်အစိုးရနဲ့ မှ သိပ်မဆိုင်တော့ပါဘူး။ ပျက်စီးတာကတော့ သူတို့ ရဲ့ အကျိုးဆက်ပေါ့။ ဒါပေမယ့် ပြန်ပြင်ဖို့ ကိုတော့ ကိုယ်တိုင် လုပ်ယူရမှာပါပဲ။ 

တံထွေးတွေနဲ့  မြုပ်နေတဲ့ (ကွမ်း) မြန်မာပြည်ကြီး အမြန်ဆုံး ကျန်းမာရေး အသိအမြင် ကျယ်ဝ စွာနဲ့  နလံ မြန်မြန် ထူထ နိုင်ပါစေသား။။။။။။။။။။။။။။။

Thursday 15 August 2013

အဆင့်အတန်း ဆိုရာဝယ်

ကျနော့ သူငယ်ချင်းတစ်ယောက် တလောက မြန်မာပြည်ပြန်သွားတယ်။ သူက သာမန် ရွှေ့ပြောင်း တောင်ကျော် အလုပ်သမားပါ။ (တောင်ကျော် ဆိုတာ နားမလည်သူတွေ အတွက် - နယ်စပ်ကို ဖြတ်သန်းပြီး အလုပ်လုပ်ခွင့် လက်မှတ် လျောက်ထား အလုပ်လုပ်ကြသူတွေကို တောင်ကျော်လို့ ခေါ်ပါတယ်)။ အလုပ်သမားပေမယ့် မိသားစု က ပညာတတ် (လူမွဲ) တွေမို့   အခြား အောက်ခြေ အလုပ်သမားတွေနဲ့  ပြုမူ ပြောဆို လုပ်ကိုင်ပုံချင်း ကွာပါတယ်။ သူ အလုပ် လုပ်ရတာက စားသောက်ဆိုင်မှာ ထိုင်းတွေနဲ့  တိုးခွေ လုပ်ဆောင်ရတာပါ။ သူ့ ထူးခြားချက်က စကားနည်းပြီး အနေအေးတယ်။ စကားကို တည်တည် တန့် တန့်  ပြောတတ်တဲ့လူမို့   ထိုင်းတွေ မနောက် မပြောင် ရဲ ကြသလို အလုပ်ရှင် ထိုင်း ကိုယ်တိုင်ကလည်း မနှိမ် မချ ဆက်ဆံပါတယ်။ 

ရုပ်ရည် ရူပကာ ကတော့ သာမန် အတန်းထဲကပေမယ့်၊ အသားအရည်၏ ကောင်းခြင်း ဆိုတာ သူမှာ ရှိလေတော့ ဘာဝတ်ဝတ် အဆင့်မြင့်မြင့် အလုပ်သမား ရုပ်က အလိုလိုကို ထွက်နေတာပါ။ အားနည်းချက်ကတော့ သူ စာမတတ်ဆိုပြီး (အမှန်တော့ ဘွဲ့ မရတာ.. သူ စာ အတော်တတ်တယ်ဗျ၊ ဘွဲ့ ရပြီး ဘာမှ မတတ်တဲ့လူတွေလည်း တပုံကြီးပဲဟာ) သူ့ ကိုသူ သိမ်ငယ်တတ်တယ်။

မိသားစုက ဆင်းရဲပြီး နယ်က လာသူမို့  အစားသောက်ပိုင်းမှာ တနင့် တပိုး စားတာ၊ အသံတွေ မြည်ထွက်နေအောင် စားတတ်တာ၊ ဇွန်းခရင်းတွေနဲ့  စနစ်တကျ မဟုတ်တောင် လူမြင်သူမြင် ကောင်းအောင် မစားတတ်တာတွေတော့ ရှိပါတယ်။ အဲ.... အဲ့ဒါ ကျနော်နဲ့  စ သိ တဲ့ အချိန်ပိုင်းလောက်ကပါ။ 

သူ့ အလုပ်မှာ ထိုင်းတွေနဲ့  အတူ ထမင်းစားရင်းက - ထိုင်းတွေ စားပုံ သောက်ပုံတွေ ကြည့်ပြီး သူ့ ကိုယ် သူ ရှက်လာတယ်လို့  ဆိုပါတယ်။ (ထိုင်းတွေကလည်း သူ့ ကို ထမင်းစားရင် မျက်နှာ မရှုံ့တောင် အထင်သေးတဲ့ ပုံစံ တော့ လုပ်ကြတယ်လို့  သူ ရင်ဖွင့်ပါတယ်)။

ပြောရပါဦးမယ်။ ထိုင်းတွေ စားတာ သောက်တာ ကို အသာထားပါ။ ထမင်းဝိုင်းမှာ ဟင်းရည် သောက်ကြတဲ့ ကိတ်စ။ ကျနော်တို့  ငယ်ငယ်ကလည်း မိသားစု ဆုံတဲ့ အခါမျိုးမှာဟင်းရည် ၂ ခွက်လောက်ကိုပဲ ဇွန်းခွဲပြီး သောက်ကြပါတယ်။ တကယ်တော့ကျနော် တို့  မိသားစု ထမင်းဝိုင်းက အကြီးကြီး မဟုတ်လေတော့ ဟိုဟိုသည်သည် မခွဲ ထားတတ်ပါဘူး။ 

ကြီးလာတော့ အလှူအတန်းတွေ ၊ သူငယ်ချင်း အိမ်တွေမှာ ထမင်းစားတဲ့ အခါ၊ ဟင်းရည်တခွက်ထဲ သောက်ရမှာမျိုးကို ကျန်းမာရေးနဲ့  ညီညွတ် ပါရဲ့လား ဆိုတာ တွေးတတ်လာပြီး တတ်နိုင်သမျှ မသောက်ဖြစ်အောင် နေလိုက်ပါတယ်။ ဒါက သူများတကာကို နှိမ်ချ တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ဘ၀င်ရူးကြီး ဖြစ်နေတာလည်း မဟုတ်ပါဘူး။

ကျနော် သူများအိမ်တွေမှာ ထမင်းစားတဲ့ အခါ ဟင်းရည်ခွက် သို့ မဟုတ် ဟင်းခွက်တွေမှာ ဘုံ ဇွန်းတွေနဲ့  စားကြ လက်တွေနဲ့  နှိုက်ကြတာမျိုး မြင်လာရင် ဘယ်လောက် ကောင်းတဲ့ ဟင်း ဖြစ်ဖြစ် လက်ရှောင်မိပါတယ်။ စဉ်းစားကြည့်ပါ။ မြန်မာ အယူအဆ နဲ့  မြင်ရင် ကျနော်ဟာ သိပ်ကို သောက်မြင်ကပ်စရာ ကောင်းလောက်အောင် သောက်ဘ၀င် မြင့်နေတဲ့ လူတစ်ယောက်လို့  မြင်ကြပါလိမ့်မယ်။

မဟုတ်ပါဘူး။ မိသားစုချင်း အတူနေ အတူစား အတူ သွားလာ နေကြတဲ့ သူချင်းတောင်မှ ကိုယ့်မှာ ကူးစက်တတ်တဲ့ ရောဂါ ဘာရှိနေလဲ ဆိုတာ မသိနိုင်ပါဘူး။ ဒါအပြင် ကျနော့လို့  သူစိမ်း သူရံမှာ ဆိုရင် ကိုယ့် အကြောင်းကို ဘာမှ မှ မသိပဲဗျာ။ ကျုပ်မှာ အေ ကိုက်ချင်လည်း ကိုက်နေမှာပေါ့။ ဘီပိုး ရှိလည်း ရှိနေမှာပေါ့ဗျာ။ အမှန်တော့ ကျနော် မစားပဲ ရှောင်လိုက်တယ် ဆိုတာ ကျနော့ဆီက ပိုးတွေ သူ့ တို့ ဆီ ကူးသွား နိုင်တယ် ဆိုတဲ့ အတွေး မျိုး ရှိလို့ ပါပဲ။

အကယ်လို့  ဧည့်သည် အိမ်လာတယ် ဆိုရင်လည်း သူ့ အတွက် သပ်သပ် ခွဲစားစေဖို့ သာ လုပ်ဖို့   ကျုပ် တိုက်တွန်းလိုက်ရင် ကျုပ်ကို ၀ိုင်းသမ ကြမလားပဲ။ အမှန်တော့ ကိုယ်မိသားစုမှာ ရှိနိုင်တဲ့ အမြင်နိုင်တဲ့ ပိုးမွှားဆိုတာ ကို ဧည့်သည်ကို မကူးစက်စေချင်လို့ ပဲ ဆိုတဲ့ စေတနာ ကို မြင်မိကြဖို့ လိုပါတယ်။

မြန်မာတွေက ဒါမျိုးကျ သိပ်ကို ပြောချင် ဆိုချင်ကြပေမယ့်၊ တကယ်တမ်း မရွံသင့်တဲ့ နေရာကျမှ တဖက်သားကို သိမ်ငယ်စေတဲ့ အပြုအမူတွေကို ပြုမူကြပါတော့တယ်။ ဥပမာ အားဖြင့်၊ ............... ၊ လူတစ်ယောက် အေကိုက်နေပြီ လို့ သိတဲ့ အချိန်၊ ဘီပိုးရှိတယ်လို့  သိလိုက်ရတာနဲ့   မြန်မာတွေ သောက်အဆင့် အတန်း ခွဲကြပါတော့မယ်။ အတူ သွားလာ လုပ်ကိုင်နေခြင်းဖြင့် အေ မကိုက်နိုင်ပါဘူး ဆိုရင်လည်း သောက်ဦးနှောက်တွေက အမှန်ကို မတွေးနိုင်တော့ပါဘူး။ ရှောင်ကြဖယ်ကြမယ် ....... တဖက်သားကို နှိမ်တဲ့ အပြု အမူ အပြောအဆိုတွေ လုပ်ကြပါတော့တယ်။ 

ကဲ ပြောရင်း ဆိုရင်းနဲ့  လိုရင်းမရောက်တော့ဘူး။ ကျနော့ဘော်ဒါက ထိုင်းမှာ နေရင်း နေပုံထိုင်ပုံ ပြူမူပုံတွေ ပြောင်းလဲသွားရောဗျာ။ သူတို့  ထိုင်းတွေ နဲ့  ထမင်းဝိုင်စားတဲ့ခါမျိုးမှာ ဟင်းခပ်တာ ၊ ၀ါးမျိုးချတာတွေ က အစ သိမ်သိမ်မွေ့ မွေ့  ဖြစ်လာတယ်။ ဟင်းရည် သောက်တဲ့အခါ ဟင်းရည် တစ်ခွက်ထည်း ရှိရင် ဟင်းရည် ခွက်ထဲက ဇွန်းနဲ့  ခပ် ကိုယ့်ထမင်း ပန်းကန်ထဲ ထည့်ပြီးမှသောက်၊ ဒါမှမဟုတ် ကိုယ့်ဇွန်းထဲ ပြောင်းထဲ့ပြီးမှ သောက်တဲ့ အကျင့်မျိုးလေးတွေ ရလာတယ်။ ဒါကို ကျနော် မှန်တယ်လို့  ပြောရင် မြန်မာတွေ လက်ခံကြမယ် မထင်ဘူး။ အတော်ကို ဇီဇာ ကြောင်တယ်လို့  မြင်ကြပါလိ့မ်မယ်။

တကယ်တော့ ကျနော်တို့  ထမင်း အတူစားတဲ့သူတွေဟာ တမိသားစုထဲက လာတဲ့လူတွေ မဟုတ်သလို၊ သူသူကိုယ်ကိုယ် ရောဂါဘယတွေ ဘာကပ်တွယ်နေတယ် ဆိုတာ မပြောနိုင်ကြတဲ့ လူတွေ ဖြစ်ပါတယ်။ ရည်းစားရှိတဲ့လူက နှုတ်ခမ်းချင်း နမ်းတာမျိုး ဒီထက် ပိုတဲ့ ကိတ်စတွေ သူသူကိုယ်ကိုယ် ရှိကြမှာ အသေအချာပါ။ အဲ့ဒီတော့ --- ရောဂါဘယ ခန်ဒါကိုယ်ချင်း အတူသွားလာ စားသောက်ကြတဲ့အခါ သူသူကိုယ်ကိုယ် တိုင်း အတွက် အရံ အတား ဆိုတာတွေ ကို စည်းတား ထားသင့်တယ်လို့  ယူဆမယ်ဆိုရင်ရော..... လက်ခံနိုင်ကြမလား။

နောက်မှ ဆက်မယ်။ စာရိုက်ရ ပျင်းလာလို့ ။

Wednesday 14 August 2013

ညနေပိုင်း အတင်းအဖျင်း

မနက်က ရင်ဘတ်ကြီးပြီးတော့ ညနေ အတင်းအဖျင်းပေါ့ဗျာ။ မြန်မာပြည်က နိုင်ငံတကာကို လွှင့်ပေးနေတဲ့ ရုပ်သံလိုင်း ရှိသတဲ့ဗျာ။ ဘာတဲ့ ဇကိုင်းနက်လား ဇကောနက်လား... ကျနော့ အမြင်တော့ စကောလောက်တောင် ဇောက်မနက်တဲ့ ရုပ်မြင် သံကြားလိုင်းပါပဲ။ Sky Net တဲ့။ ဒဲ့ပြောရရင်တော့ သောက်ဆင့်မရှိတဲ့ ဟာတွေ လွှင့်ပေးတဲ့ စကောလောက် ဇောက်မနက်တဲ့ ရုပ်သံလိုင်းပေါ့။ 

တချိန်လုံး မြန်မာရုပ်ရှင်ဗွီဒီယို အပေါစားတွေ လွှင့်ပေးနေတယ်။ အဓိက ပရိတ်သတ်က နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ လူတွေ အတွက်တဲ့... အတော်လေးကို အံ့အောသွားမိတာ အမှန်ပါပဲ။ မြန်မာပြည်သား ပညာတတ်တွေ ဒီလို သောက်ဆင့် မရှိတဲ့ ပေါပေါ ပဲပဲ ရုပ်ရှင် ဗွီဒီယိုတွေ အားပေးကြတယ်တဲ့လား။ အောက်တန်းကျတဲ့ အကြောင်းလေးတွေ ပြောပြပါဦးမယ်။

တစ်ရက်က ဘီယာဖော ဖောနေတဲ့ မင်းသား (ထိုင်းမှာဆို ဇတ်ရံတောင် ရိုက်ရမှာမဟုတ်ဘူး) အဲ့ကောင်နဲ့   နောက် ပိုက်ဆံရှိ သူဌေးသားတစ်ကောင် (ရုပ်က ဘိန်းစား နဲ့ တူတယ် ပြောရင်တောင် ဘိန်းစား ဖက်က နာတယ်)။ ဒင်းက ရန်ကုန်မြို့က ဘာပိုင်ရှင်ရဲ့ သား ဆိုလားပဲ။ ၀တ်ထားတာက ကိုရီးယား ဒီဇိုင်းသာ ပြောတယ် ကိုရီးယားကားထဲမှာ အရူးဇတ်ကွက်တွေ ရိုက်ရင် ၀တ်တဲ့ အ၀တ် အစားတွေလား မှတ်ရတယ်။ သောက်ခွက်ကလည်း မင်းသား ဖြစ်စရာ တစ်ကွက် မရှိတဲ့ အခွက်။ 

အဲ့ဒါ န၀ရတ် ကို အရူးအမူး ဆွဲလန်းနေတာမျိုး ရိုက်ရတယ်။ ပြီးတော့ သူက ဆိုက်ကို ၀င်နေတဲ့ အထာမျိုး သရုပ်ဆောင်ရတယ်။ စိတ်ပျက်ဖို့ ကောင်းလိုက်ချက်ဗျာ။ ထမင်းစားနေရင်း ကြည့်တာ အံချင်စိတ်ပါ ထွက်လာတယ်။ ပီးတော့ နောက်တစ်ကား.........

ဦးခင်မောင်မြင့်လား ဘာလား နာမည် မမှတ်မိပါဘူး။ အဲ့ဒီ အဘိုးကြီးက ရှေးရိုးစွဲကြီး သရုပ်ဆောင်ရတာ သူက ချမ်းသာတယ် ။ ဒါပေမယ့် အိမ်မှာ ခေတ်မှီပစ်စည်း မသုံးဘူး။ ရေခဲသေ့တာတို့  ဘာတို့ ပေါ့။ အဲ့ဒီမှာ သူ့ တူနဲ့ တူမ န၀ရတ်နဲ့  တစ်ကောင်... သူတို့ က နိုင်ငံခြားမှာ စာသင်ပြီး ပြန်လာကြတာ အဘိုးကြီး အိမ်မှာ နေရာတော့ ခက်ကုန်ရော... အဲ့မှာ လာတာက အင်တာနက် အကြောင်း.........

န၀ရတ်က ပြောတယ် အဘိုး အိမ်မှာ အင်တာနက် ဆင်ပါလား အလုပ်တွေ အမြန်ပြီးတယ်။ ဘာညာ အကျိုးရတယ်ပေါ့။ ဒါကို အဘိုးကြီးက မင်းတို့  အင်တာနက်  တပ်လိုက်ရင် မဟုတ်တဲ့ ပုံတွေ ကြည့်မှာ မဟုတ်လား တဲ့။ ပီးရော........ ဒါကို ဒါရိုက်တာ ကိုယ်တိုင်က အဘိုးကြီးပဲ မှန်နေသလို လို နဲ့  ဇတ်အိမ်ကြီးက။ 

ဘယ့်နှယ့်ဗျာ.... အင်တာနက် သုံးတာ မဟုတ်က ဟုတ်က ပုံတွေ ကြည့်ဖို့ ပဲ သိလားမှ မသိကြတာ။ မြန်မာပြည်မှာလည်း လူကြီးပိုင်းတွေကို အင်တာနက်နဲ့  ပတ်သတ်လို့  ဗဟုသုတ ပေးဖို့  သိပ်ကို လိုအပ်လာပြီဗျ။ မဟုတ်ရင် လူငယ်တွေ ကို နားမလည်တာနဲ့ တင် နိုင်ငံက ရှေ့ရောက်မှာ မဟုတ်ဘူး။ 

ဈေးဝယ်ရင် အေတီအမ် စက်နဲ့ ငွေချေတာ၊  ဘဏ်ကို ငွေသွင်း၊ ငွေလွှဲ လုပ်တာ ဒီလို စနစ်က အစ လပေး အရစ်ကျ ပစ်စည်းဝယ်တာမျိုးတွေ ပါ မကျန် အင်တာနက် မရှိရင် မဖြစ်လောက်အောင် ခေတ်ကြီးက ပြောင်းလဲနေခဲ့ပါပြီ။ သူများတကာကို ငွေလွှဲဖို့  ဘဏ်သွားနေရာလည်း မလို၊ အေတီအမ် ကိုတောင် သုံးစရာ မလိုပဲ Smart Phone နဲ့  Internet online နဲ့  လုပ်ကိုင်နေကြတာ တပုံကြီးဗျာ။ 

ဒီလိုမျိုး သိက်ခါ ကျစေတဲ့ အပြော အဆိုမျိုးတွေကိုရော... ဆင်ဆာ မဖြတ်သင့်ကြဘူးလား။ လူငယ်တွေရဲ့ အနာဂါတ်ဆိုတာ လူကြီးပေါ်မှာ မူတည်ပါတယ်။ လူကြီး ဆိုတဲ့ ဟာတွေ ကိုယ်တိုင်က အသိအမြင် မရှိ၊ ဥာဏ်ပညာမကြွယ်၊ ဒေသန်ဒရ ဗဟုသုတ ဆိုတာက နုံဖျင်း နေမှတော့ ဒီနိုင်ငံကြီးလား တိုးတက်လာပါလိမ့်မယ်။

Tuesday 13 August 2013

ဒီမနက် ရင်ဘတ်ကြီး


ဒီ မနက်လည်း ထုံးစံတိုင်းပေါ့။ ၆ နာရီ မထိုးခင် နိုးတယ်။ ၁၅ မိနစ်လောက် မှိန်းပြီး ဇိမ်ခံတယ်။ နောက်တော့ သွားတိုက် အ၀တ်လဲပြီး ပန်းခြံကို ထွက်ခဲ့တယ်။ မိုးရွာထားကာစ မို့  စိမ်းစိမ်း စိုစိုနဲ့  အကုန် ကြည့်ကောင်းနေတယ်။ 

ဘန်ကောက်ရဲ့ လေထုက မဲဆောက်နဲ့  ကွာခြားလွန်းတယ်။ မဲဆောက် လေယာဉ်ကွင်းကို ညနေ ညနေ လမ်းလျောက်ထွက်ရင် သိပ်ကို အကျိုးရှိတာဗျ။ လေက သန့် နေတာပဲ မိုးရွာထားတဲ့ ရက်တွေဆို မြ၀တီဖက်က တောင်တွေပေါ်မှာ တိမ်တွေ ၀ဲ နေတာကိုတောင် လှမ်းမြင်ရတတ်တယ်။ ဘိုတွေဆို သိပ်ကြိုက်တာ.... သူတို့ ကတော့ နေသာမှ လာပြေးကြ၊ လမ်းလျောက်ကြတာများတယ်။

မြို့တော်ရဲ့ မနက်ခင်းမှာ ပန်းခြံလေးထဲက လေထုက တကယ့် အိုအေစစ်ပဲ။ ဒါတောင် ဖုတ်လှိုက် ဖုတ်လှိုက် နဲ့ ရယ်။ ကျနော့နေရာက ရန်ကုန် မြို့ အတိုင်းနဲ့  ပြောရမယ် ဆိုရင် ဆူးလေ နဲ့  မင်္ဂလာဒုံ လောက်ပေါ့။ ဘန်ကောက် မြို့စွန်လို့  ပြောလို့ ရတယ်။ မြို့စွန် ဆိုပေမယ့်လို့  အရာအားလုံး အဆင်ပြေပြေ ချောချောမွေမွေပါပဲ။ ထားပါတော့ ကိုယ့် ရွှေပြည်နဲ့ တော့ မယဉ်ပြလိုတော့ ပါဘူး။


လူ့ ဘ၀ ဆိုတာ ဒီအပင်နဲ့ သိပ်တူတယ်။ အစိမ်းတခြမ်း အဖြူတခြမ်း၊ အလင်းတစ်ဖက် အမှောင်တစ်တဖက်။ သဘာဝတရားဆိုတာ အရောင် ဆိုးစရာ မလိုပါဘူး။ သူ့ ဟာနဲ့ သူ ရှိတတ်ပါတယ်။ မှောင်လွန်းတဲ့ ဖက်ရောက်နေတဲ့ ကျနော်တို့ နိုင်ငံသားတွေ ဘ၀ ရဲ့ အနောက်ဖက်က အဖြူတစ်ခြမ်းလည်း အမြန် တောက်ပ နိုင်ပါစေတော့လား။

မနေ့  မနက်က ပြန်စပြေးတယ်။ ဒီမနက်ကျတော့မှ သတိထားမိတာ.. ပြေးနေကျ လူတွေ အတော်များများ လှမ်းကြည့်ကြတယ်။ ကျနော့ကို သူတို့  မမြင်တာ ၁ လခွဲ ကျော်ပြီမို့ နေမှာပေါ့။ အချို့ကတော့ လှမ်းမေးတယ်။ ဘယ်သွားနေလဲ.. ပျောက်နေတာ ကြာပြီတဲ့။ တတ်သလောက် ပြောပြပြီး စကား မြန်မြန် ဖြတ်ခဲ့တယ်။ ဘယ်သူနဲ့ မှ မခင်ချင်ဘူး။ စိတ်မကောင်းပါဘူး။ ထင်ကြပါစေ ဆက်ဆံရေး ကျဲတယ်လို့ ပဲ။

ဒုတိယ အပတ် ပြေးပြီးတော့ တံတားလေး အကျော်မှာ အဘိုးကြီး တစ်ယောက်နဲ့  အဘွားကြီး တစ်ယောက် စုံတွဲ တစ်တွဲ လမ်းလျောက်နေကြတာ တွေ့ လိုက်တယ်။ အဘိုးကြီးက ခါးလေး ကိုင်းနေတယ်။ ဒုတ်ကောက်လေးနဲ့  ဒါပေမယ့် အဘွားကြီးကတော့ ပိန်ပိန် ပါးပါး သွက်လက်နေဆဲပဲ။ အသက်ကတော့ မတိမ်း မယိမ်း လောက် ဖြစ်မယ်ထင်ပါတယ်။ ဇရာ အရေးအကြောင်းတွေကတော့ ၂ ယောက်လုံးမှာ အရစ်ရစ် အထပ်ထပ်။ 

ကျနော် ဖြည်းဖြည်းပဲ ပြေးလိုက်တယ်။ ကြည့်ရတာ စိတ်ချမ်းသာလို့ ပါ။ အဘိုးနဲ့ အဘွား စုံတွဲ လူမြင်ကွင်းမှာ ဘေးချင်းယှဉ် လမ်းလျောက်နေကြတယ်။ တစ်ယောက်က နှေးတော့ တစ်ယောက်က ဖြည်းဖြည်း လျောက်ပေးတယ်။ နားလည်မှု ကိုယ်စီ ရှိကြပုံပါပဲ။ ၂ ယောက်စလုံးရဲ့ ရင်ဘတ်ထဲ ၀င်ကြည့်လိုက်မိတယ်။ သူတို့ လည်း လမ်းလျောက်နေကြတယ်။ ကိုယ်လည်း ပြေးနေတယ်။ အားလုံးမှာ ပန်းတိုင်ကိုယ်စီ ရှိကြတယ်။ အချိန်တန်ရင် ရောက်အောင် သွားကြရမယ့် ပန်းတိုင်။ ဒါပေမယ့် လူဘ၀ကြီးမှာ သူတို့  ဘေးရောက် မနေကြပါဘူး။ သူတို့  လမ်းလျောက်နေကြတယ်။

လမ်းလျောက်နေရင်း အဘိုးကြီးက တုန့် ကနဲ ဖြစ်သွားတယ်။ နောက် ခြေထောက်ကို ငုံကြည့်တယ်။ ဟုတ်တယ် ဖိနပ်ကြိုးပြေသွားပုံရတယ်။ ဒါနဲ့  လျောက်လမ်းဘေးက ခုံတမ်းလေးနား လျောက်သွားပြီး ထိုင်ရ ထရ ခက်ပုံရတဲ့ အဘိုးကြီးက သူ့ ခြေထောက်လေးကို ဖြည်းဖြည်းချင်းမပြီး ခုံတန်းလေးပေါ် တင်ပေးလိုက်တယ်။ အဘွားကြီးက အနားရောက်လာပြီး ဖိနပ်ကြိုးလေး ပြန်စည်းနှောင်ပေးတယ်။ နောက်တော့ သူတို့  လမ်းဆက်လျောက်ကြပြန်တယ်။

ကျနော်တို့  နိုင်ငံမှာ အဘိုးတွေ အဘွားတွေ ဒီလို အပူအပင်မဲ့ လမ်းလျောက်နိုင်ကြပြီလား။ နိုးးးးးးးးးး........ တ၀မ်းတခါး အတွက် ရုန်းကန်နေရတုန်းပါ။ ဒီမှာ တောင်းစားနေတဲ့ အဘွားကြီးတွေ အဘိုးကြီးတွေ မရှိလို့ လား။ .. ရှိပါတယ်။ သူတောင်းစား ထိုင်း ရှိပါတယ်။ ဒါပေမယ့်..............

သူတို့  တောင်းစားတာ မဟုတ်အောင် သူတို့  အစိုးရက စီစဉ်ပေးထားတယ်။ အဘိုးကြီး အဘွားကြီးတွေ လမ်းဘေးမှာ ထီရောင်းကြတယ်။ မျက်စိ မမြင်တဲ့လူ အတွက် သီချင်းဆိုတတ်အောင်၊ မဆိုတတ်ရင်တောင် အသံနဲ့  တစ်ထပ်ထဲ ကျ ပါးစပ် လှုပ်တတ်အောင် သင်ပေးထားပြီး လမ်းဘေးမှာ ထိုင်ခိုင်းထားကြတယ်။ ဒါတောင်းစားတယ် ဆိုပေမယ့် သူတို့ ရဲ့ စိတ်ကိုယ်ခံစွမ်းအား မြင့်တင်ပေးထားနိုင်တဲ့ အတွက် သူတောင်းစား လုံးလုံး ဖြစ်မသွားကြရှာပါဘူး။  မြန်မာပြည်ရဲ့ လမ်းမတွေပေါ်က အမယ်အိုတွေ အဘိုးအိုတွေ အတွက်ကိုတော့ အင်မတန် ခေါင်းကြီးကြတဲ့ အစိုးရက စီစဉ်ပေးတော့မယ်လို့  ထင် (ကြေးစည်ကွဲထုသလိုပဲ) မိပါတယ်။

ဒီမှာလည်း အဘိုးကြီးတွေ အဘွားအိုကြီးတွေ လမ်းဘေး ဈေးထိုင်ရောင်းတာတွေ ရှိပါတယ်။ ဒါပေမယ့် တ၀မ်းတခါး ကျောင်းနေကြတာ မဟုတ်ပါဘူး။ ကျန်းမာရေး အတွက်၊ ကိုယ့်စိတ်ပျော်ရွှင်မှု အတွက်၊ လူ့ လောက ဘေးကို ရောက်မသွားဖို့  အတွက်၊ လှူဖို့  တန်းဖို့  အတွက် လောက်ပါပဲ။

လောလောဆယ် အတွေးရောက်နေမိတာက.. မြန်မာနိုင်ငံသားတွေရဲ့ (သခင်မျိုးဟေ့ ဒို့ ဗမာ) ဆိုတာကြီးကို ရအောင် ဖျောက်ကြဖို့ ပါပဲ။ မြန်မာတွေကို ဒီလို ဆန်မရှိ သောက်စားကြီး အတွေးအခေါ်တွေ နဲ့  ကြောင်တောင်တောင် ရှင်သန် နိုင်ဖို့ ရာ စစ်အစိုးရ အုပ်ချုပ်စဉ်ကာလက ဦးနှောက်ဆေးခဲ့တာမို့ .. ဒီအတွေးအခေါ် အစုတ် အပဲ့တွေကို ဖဲ့ထုတ်ဖို့  အချိန်တန်ခဲ့ပါပြီ။ သခင်မျိုး မဟုတ်သလို ကျွန်မျိုးလည်း မဟုတ်ဘူးဆိုတာလည်း ထည့်စဉ်းစားဖို့ လိုပါတယ်။ လူထဲက လူ... ဒါပေမယ့် နိုင်ငံတကာရဲ့ အနောက်မှာ နှစ်ပေါင်း ၃၀ လေးဆယ် လောက် နောက်ကျ ကျန်နေခဲ့တဲ့ ကြိုးစားနေဆဲ့ ကြိုးစားဆဲ လူမျိုးလို့  ပဲ..............


လျော်စက် ဒိုင်ယာယီ

မြန်မာပြည်သား ဖြစ်ရတာ အတော်လေးကို ၀ဋ်ကြွေးပါတာဗျ။ ဘာသာရေး အရ ပြောရမယ်ဆိုရင်တော့ ကျနော် အခုနောက်ပိုင်း အတော်လေးကို လိုချင်လောဘတွေ ရုပ်ပစ်စည်းကို တွယ်တာမှုတွေ ပိုများလာတယ် ဆိုရမယ်။ ဒါပေမယ့် ဖြစ်နေတာတွေက တကယ်ကြီးတွေ။

မြန်မာပြည်မှာ စီးပွားရေး ပိတ်ဆို့  ထားတော့ သူများ နိုင်ငံသားတွေလို စမတ် ကျကျ မနေနိုင်ကြဘူး။ ခေတ်မှီ ပစ်စည်း တွေဆို သုံးဖို့ ရာ မရှိဘူး၊ ရှိရင်တောင် မီးမလာလို့  သုံးမရဘူး။ ရှိတဲ့ဟာတွေကလည်း ခေါင်းရင်းအိမ်က တရုတ်ကြီးတို့  ဂုတ်သွေးစုတ်သမျှ ခံဖို့  သူတို့  သွင်းသမျှ မဟုတ် တယုတ်အစုတ် အပြတ်တွေချည်းပဲ။ အင်ဂလန်မိတ်တို့ ၊ ဂျပန်မိတ်တို့  သွားကြည့်လိုက် သန်းရွှေနဲ့  သူ့  သောက်နောက်လိုက် နောက်ပါ ဗိုလ်ချုပ်တွေ နဲ့  သူတို့  အမျိုးတွေ အိမ်မှာပဲ။

အဲ့ဒီတော့ ခေတ်မှီပစ်စည်းတော့ နာမည်ခံပြီး သုံးရပါတယ်။ ဒါပေမယ့် အဲ့ဒါကြီးကို သုံးရတာကိုက ဖတ်ဖတ်မောရလေတော့တယ်။


အိမ်မှာ အ၀တ်လျော်စက် စ၀ယ်တာ မှတ်မိသေးတယ်။ ပုံမှာ ပါတာနဲ့  တထပ်ထဲပဲ။ တခြမ်းမှာ ရေကို ကွကိုယ် ချိန်ထည့်ပြီး Timer ပေးပြီး လျော်ရတာတစ်ခုပါတယ်။ နောက်တစ်ခြမ်းက အ၀တ်လျော်ပြီးသားတွေကို ရေစစ်ဖို့  Spinning တစ်ခြမ်းပါတယ်။ တယုတ်က လာတာ ဆိုတော့ ဂျပန် မဖြစ်နိုင်ဘူးလေ.. နော။ ရေထည့်ရတာက ကွကိုယ် ချိန်ရတာမို့  သွားသွားကြည့်ရတာ တစ်မှောက်၊ ရေပြည့်ရ့င် Manual ရပ်၊ ပြီးရင် လျော်တာကို Timer ပေးပြီး သူ့  ပီးမယ့် အချိန်ကို စောင့်ရတာက တစ်လုပ်၊ ရပ်သွားရင် ရေစစ်ဖို့  ကွကိုယ် ခလုတ် ထထ ဖွင့်ပေးရတာက တဖုံ၊ ရေခမ်းသွားတာနဲ့ --- လုံးထွေးနေတဲ့ အ၀တ်တွေကို မ... ယူ..... ပြီးတာနဲ့  Spinning ထဲ စီကာ ယီကာ ထည့်ရပြန်တယ်။ မညီမညာ ဖြစ်နေရင်လည်း၊ လှည့်တဲ့ အခါ ဂလုန်း ဂလွန်းနဲ့  မြည်ပြီး ဆူညံနေတော့တယ်။

အ၀တ်လျော်စက်က မီးလာချိန် လူခြေတိတ်ချိန်မှ အလျော်ခိုင်းရတာ ဆိုတော့ တစ်အိမ်လုံး ဆူညံနေတာပါပဲ။ ဒီစက်ကြီးတစ်လုံး ၀ယ်လာပြီးမှ လူတွေလည်း အိပ်ရေးတွေ ပျက်ကုန်ရော။ ဒါနဲ့ ပဲ အမေဆို အ၀တ်လျော်စက် ဆိုတာ သူတို့  လူကြီးခေတ် အမြင်နဲ့  ... အသုံးမ၀င်တဲ့ ... သူများ သုံးလို့  လိုက်သုံးရတဲ့ ... ပစ်စည်းလို့  မှတ်လိုက်လေတော့တယ်။

အစ်ကိုက နိုင်ငံခြားက ပြန်လာတော့ အ၀တ်လျော်စက်ကို ကြည့်ပြီး အသစ်ဝယ်မယ် လုပ်တာ အတော်လေး အတိုက် အခံ ငြင်းလိုက်ရတယ်။ ဒါပေမယ့် လျော်စက် အကောင်းစား ၀ယ်လိုက်ပြီး လျော်တာ၊ Softener ထည့်တာ၊ အခြောက်ခံတာ အားလုံး ဘာမှ ပူစရာ မလို၊ သူ့ ဟာသူ အားလုံး လုပ်သွားတာ မြင်တော့မှ အမေရော ကျန်တဲ့လူတွေပါ အသံတိတ်ကြတယ်။ ဘန်ကောက်က ငှားနေတဲ့ အခန်းမှာ လျော်စက် ပေးထားတယ်။ အလျော်ပြီးလို့  တီတီ မြည်မှသာ ပြီးမှန်းသိရတယ် ကျန်တာ ဘာမှ ကိုယ် ထူးထူး ထွေထွေ ဆူညံမနေပါ။

ခုပုံလေးကို မဲဆောက်က အိမ်မှာ တွေ့ တာနဲ့  ရိုက်လာခဲ့တာ။ သူတို့ လည်း သုံးချင်လို့  မဟုတ်ပေမယ့်။ ကိုယ့်အိမ် မဟုတ်တဲ့ ယာယီနေရာမှာ ဒီလောက်လေးနဲ့ ပဲ သုံးပြီး ကျေနပ်နပ်နေကြရတာမို့ ပါ။

ဒါ ဒိုင်ယာယီ တစ်ခုပေါ့


Monday 12 August 2013

စိတ်ကုန်ချက်

ဘန်ကောက်မှာ နေတုန်းက မနက်စာ ဆို ပန်းခြံမှာ ပြေးပြီး ပြန်လာတိုင်း (ပုံစား) ထိုင်းဆိုင်လေးမှာ ၀င်ဆွဲလိုက်ရုံပဲ။ ထိုင်းဟင်းဆိုတော့ မြန်မာဟင်းနဲ့  အရသာတော့ ကွာတာပေါ့ဗျာ။ ဒါမယ့် မြန်မာ ပါးစပ်နဲ့  နည်းနည်း စပ်တဲ့ အရသာဟင်းလေးတွေ ရှာစားရုံပေါ့။ ကြက်ဟင်းခါးသီး ကြက်ဥကြော်တို့ ၊ ကန်စွန်းရွက်နဲ့  ၀က်ထုသား ကြော်တို့ ၊ ကြက်ဥဟက်ဖရိုင်းပြန်သုပ်တို့  ၊ မျှစ်နဲ့  ကြက်သား ကြော်တို့ ပေါ့။ ကျန်တာလည်းရှိပါတယ်။ ၀က်၊ ငါး၊ အမဲ စသည်ဖြင့် တခါတရံ စားလို့  အရသာတွေ့ တာလေးတွေ။

စိတ်ချမ်းသာစရာ ကောင်းတာက ဟင်းတွေမှာ ဆီမများဘူး။ အရောင်တွေ ရဲတွတ် ၀ါထိန်နေအောင် မချက်ဘူး။ အချိုမှုန့်  စွတ်မသုံးဘူး (အဲ.. သကြားတော့ ပါတတ်တယ်)။ ပြီးရင် Hygiene အပိုင်း၊ ............ သိပ်ကို စိတ်ချရတယ်။ အလုပ်သမား မှန်သမျှက ထိုင်းဆိုတာ ရှားတယ်။ မြန်မာ၊ လာအို၊ ကန်ပူးချား ကျေးလက်တွေက လာတဲ့ လူတွေချည်းပဲ။ အဲ.... ရင့်ရင့်ပြောရမယ် ဆိုရင်တော့ တောကြိုအုံကြားက ထွက်လာကြတဲ့လူတွေချည်းပဲ။ ဒါပေမယ့် ရွာမှာ ဘယ်လို စားခဲ့ စားခဲ့၊ လုပ်ခဲ့ ကိုင်ခဲ့၊ ဒီရောက်တော့ ထိုင်းတွေရဲ့ အကြိုက်ကို လိုက်ပြီး (သို့ ) လူ့ အဆင့်အတန်းကို လိုက်ပြီး သန့် ရှင်း သပ်ရပ်မှုတွေ နဲ့  လုပ်ကိုင်လာကြတယ်။

ဘန်ကောက်မှာ ထိုင်းဆိုင် အတော်များများ ကြိုက်တဲ့နေရာဝင်စား၊ ခင်ဗျား ပန်းကန်နဲ့  ဇွန်း ဆေးတာ မပြောင်မှာ ကြောက်နေစရာ မလိုဘူး။ ခင်ဗျား စားမဲ့ ဟင်းဖတ်ကြီးကို လက်နဲ့  စွိ ကနဲ ကိုင်ပြီး ထည့်လာမှာ ကြောက်နေစရာ မလိုဘူး။ ဟင်းချိုလာချပေးမယ့် စားပွဲထိုးရဲ့ လက်မဲမဲကြီးတွေက ဟင်းချိုထဲ လက်မကြီး ထည့်မြုပ်လာမှာ တွေးပူစရာ မလိုဘူး။ ဒါမျိုးက ကြုံဖူးလို့ ပါ။ ရန်ကုန်မှာ သာမန်လူတန်းစား စားတဲ့ ဆိုင်တွေ ကြိုက်တဲ့နေရာဝင်စား စားပွဲထိုးတွေ ဟင်းရည်ပန်းကန်ထဲ လက်မမဲမဲကြီး စိမ်ပြီး လာချပေးတာ မကြုံဖူးတဲ့လူရှိ ကျုပ်ကို ပါးလာရိုက်သွားချေ။ 

စားပွဲထိုးနဲ့  ဟင်းခပ်ပေးတဲ့လူတွေ ပါးနားကိုင် နှာခေါင်းနှိုက်ပြီး ဟင်းခွက် ကိုင်မှာ စိုးရိမ်စရာ မလိုဘူး။ မရှိတတ်ဘူး (များသောအားဖြင့်ပေါ့။ သို့ သော် တောထိုင်းတွေတော့ ညစ်ပတ်တတ်ပါတယ်)။ ခင်ဗျားရှေ့ကို ရောက်လာမယ့် ဟင်းနဲ့  ထမင်းဟာ ချက်ပြုတ်ပြီးတဲ့ အချိန်က စလို့  လက်ကြီးနဲ့  တာ နှိုက်တာ နယ်တာမျိုးတွေ မရှိဘူး။ အဲ့ဒီတော့ အဲ့ဒီအခြား လူတွေရဲ့ ဂျီး (ရှင်းရှင်းပဲ ပြောတာ၊ ရွံတတ် ရင် လဲသေလိုက်ကြ)။ ခင်ဗျားတို့  ပန်းကန်ထဲ ရောက်စရာ အကြောင်း မရှိဘူး။

မဲဆောက်ရောက်တယ်။ မြန်မာ လက်ဖက်ရည်ဆိုင်တွေ မှိုလိုထလို့ ၊ ဟင်းထမင်း ဆိုင်တွေ မှိုလိုထလို့ ၊ ၀က်သားဒုတ်ထိုးတောင် ရှိသေး။ မြန်မာလက်ဖက်ရည်ဆိုင် သွားထိုင်ပါတယ်။ စားပွဲထိုးက ၄ - ၅ - ၆ တန်း အရွယ်လေး အိပ်ရေးမ၀လို့  မှုန်တုန်တုန် မျက်နှာလေးနဲ့  ၊ မျက်လုံးမှာ လူငယ်ရဲ့ တောက်ပတဲ့ အရောင် မရှိဘူး။ အီကြာကွေးမှာတယ်။ အီကြာကွေး ၂ ချောင်း လက်ကြီးနဲ့  ကိုင်လာပြီး ရှေ့က ဆမူဆာ ပန်းကန်ထဲ လာချပေးတယ်။ သူလုပ်တာ ကိုယ့်ကို ရိုင်းပြ စော်ကားတာ မဟုတ်ဘူး။ နေ့ စဉ် လုပ်နေကျမို့  လုပ်လိုက်တာ။ ဒါမယ့် သူ့ ကြည့်ရတာ မျက်နှာ သစ်ရသေးပုံတောင် မပေါ်ဘူး။ နှာခေါင်းချီးကိုလည်း အားရ ပါးရ ညှစ်လိုက်တာ မြင်မိတယ်။ ကဲ...... ကျုပ်ဘယ်လိုစားမလဲ။ 

ဒီလို မဖြစ်အောင် ဆိုင်ရှင်တွေက ဘာ့ကြောင့် မသွန်သင်သလဲ၊ ပြောရရင်တော့ ကျုပ်တို့  ဆီက လူကြီးတွေ ဆိုတဲ့ လူတွေ ကိုယ်တိုင်ကိုက သောက်ဆင့် မရှိလို့ ပါပဲ။ သူတို့ ကိုယ်တိုင်လည်း ချီးလူးသေးလူး နေတယ်၊ ညစ်တီးညစ်ပတ် ဘ၀ကို ဖြတ်သန်းတဲ့ အခါ၊ ကိုယ့်ရဲ့ အလုပ်သမား ကလေးတွေကို ဘယ်လို သွန်သင်ကြမလဲ။ 

မြန်မာတွေဟာ မဟုတ်တဲ့ နေရာကျ သိပ်သန့် သယောင် ဆောင်တတ်တယ်။ သိပ် ခန်းနား သယောင် ဆောင်တတ်တယ်။ သိပ် အဆင့်အတန်း မြင့်ချင်ယောင် ဆောင်တတ်တယ်၊ သိပ် ကြင်နာ သနား တတ်သယောင် ဆောင်တတ်တယ်။ တကယ့် လူနေမှု လက်တွေ့  ဘ၀ ကို ကြည့်လိုက် သောက်ထင် ကြီးစရာ တကွက်မှ ကို မမြင်မိဘူး။ 

ကုလားလက်ဖက်ရည် ဆိုင်မှာ မနက်စာ စားမိပါတယ်။ နံပြား မှာ တဲ့ခါ ၊ လည်ပင်းနဲ့ ပါး ထိုင်ကုတ်နေတဲ့ (ပေါင်ကြားကုတ်တာ ထည့်မပြောသေးဘူး) ကုလားကြီးက ယင် ကောင် တွေ အုံထ နေတဲ့ မုန့်  အလုံးကြီးကို လက်နဲ့  ဆွဲဖဲ့....... ဘာမှန်း မသိတဲ့ သံပြားကြီးပေါ် လက်မဆေးပဲ ရိုက်ဟဲ့ ထုဟဲ့ နှက်ဟဲ့ ပြီးတော့ မုန့် ဖိုထဲ ကပ်လိုက်တယ်။ ကဲ...... မီးနဲ့ တွေ့ လို့   ပိုးကောင်တွေ သေတယ် ထားပါ။ ကုလားကြီး လက်ထဲက ချေး (ဂျေး) ဘယ်ထဲရောက်ကုန်လဲဗျ။ ကျုပ်ဖြင့် ငယ်ငယ်ကထဲက စားလာသမျှတွေ ပြန်ပြန်တွေးမိလေလေ ကိုယ့် မြန်မာလူမျိုး ဖြစ်ရတာ လူဖြစ်ရကျိုး မနပ်လေ၊ အောက်တန်း ကျလေလေ လို့ တောင် တွေးမိလာတယ်။ 

ရန်ကုန်မြို့ပေါ်က ဘာညာ သရကာ နေကြာကွာစေ့၊ ဟော်တည်တွေ၊ မောလ်တွေ က ဆိုင်တွေကို မပြောလိုဘူး၊ လွတ်စေ၊ သို့ သော်........ ဒီလိုနေရာတွေကို မြန်မာပြည် လူတန်းစား သုံးပုံ ပုံရင် ၂ ပုံ စားနိုင်ပြီလား၊ စားနိုင်အောင်လည်း နေရာတွေ ပေါနေပြီလား၊ ထိုင်းမှာက လမ်းဘေး ဆိုင်ဝင်စားလည်း အားလုံးဒီပုံပဲဗျ။ ပြောင်းဖူးဖုတ် ၀ယ်စားမလား.... ဖုတ်ပြီးသား ပြောင်းဖူး အခွံထဲကကျွတ်လို့  အိပ်ထဲဝင်ပြီး ခင်ဗျား လက်ထဲ ရောက်တဲ့ အထိ အလုပ်သမားရဲ့ လက်နဲ့  တစ်စက်မှ မထိပဲ လုပ်ကိုင်ပေးလိုက်လိမ့်မယ်။ မယုံရင် ဘန်ကောက် ရောက်တဲ့ခါ ၀ယ်စားကြည့်။ 

ရန်ကုန်က အစ်မ တစ်ယောက် ဆီက ကြားမိပါရဲ့။ ပြောင်းဖူး ဖုတ်လေး မွှေးလို့  ၀ယ်စားမိလိုက်တာ... ပြောင်းဖူးသည်မိန်းမက (သူကတော့ သန့် ပါစေ ဆိုတဲ့ စေတနာနဲ့ ) ပုဆိုးစုတ် လေး တစ်ထည်နဲ့  အခွံချွတ်ပြီးသား ပြောင်းဖူးလေးကို ပွတ်ပေးလိုက်သတဲ့ဗျိုး။ ကျုပ်တော့ မြန်မာပြည်မှာတုန်းက ဈေးသည်ပေါင်းစုံနဲ့  ခဏခဏ စကားများတာ ဒါ့ကြောင့်ပဲ။ ဟိုလို မကိုင်နဲ့  ဟိုလို လုပ်ရင် မစားတော့ဘူး။ အဲ့လို လျောက်လျောက် ပြောတတ်လွန်းလို့ ။

လောလောဆယ်တော့........... မနက်စာ ၀က်သားကင်နဲ့  ကောက်ညှင်း စားနေတယ် ကော်ဖီသောက်တယ်။ စိတ်ချမ်းသာနေတယ်။ မြန်မာလက်ဖက်ရည်ဆိုင် သွားဦးမလား မေးရင်တော့ သွားမှာပါ၊ သို့ သော် လက်ဖက်ရည်ပဲ သောက်တော့မယ်။ ကျန်တာ လက်ဖျားနဲ့ တောင် ထိဖို့  စိတ်မကူးတော့ပါ။

ဝန်မယ့် (သို့ ) အမေများနေ့  (သို့ ) วันแม่


ဒီနေ့ ကတော့ ထိုင်းနိုင်ငံရဲ့ အမေများနေ့  ပါ။ မနေ့ က Fashion Island မှာ မောလ် တစ်ခုလုံး အဘွားအိုကြီးတွေနဲ့  သားသမီး မြေးမြစ်တွေ လက်တွေ ချိတ်လို့  ပြုံးရွှင်စွာ သွားလာ စားသောက် နေကြတာ မြင်မိတော့ မျက်ရည်ကျမိတယ်။ ရင်ဘတ်ထဲက တိတ်တိတ်လေးပါ။ အော်....... ကိုယ့်နိုင်ငံသားတွေ လူဖြစ်ရကျိုး မနပ်ရလေခြင်းပေါ့လေ။ အမေ၊ မိဘ ကို စောင့်ရှောက်တယ် ဆိုတာ လူမြင် သူမြင် စောင့်ရှောက်ပြီး ကွယ်ရာကျ ပစ်ထား ကြရင်တော့ မကောင်းဘူးပေါ့လေ။ ဒါပေမယ့် မနေ့ က မြင်လိုက်ရတဲ့ အဘွားကြီးတွေ အမေ ငယ်ငယ်လေးတွေ အားလုံး မျက်နှာကို ကြည့်လိုက်ရင် ပိတိတွေ ဖြာနေတာ အသေအချာပါပဲလေ။


သမီးလေးအတွက် စတိုင်လ် အပြည့်နဲ့  မေမေ တစ်ယောက်။

အော်........ ကိုယ်နိုင်ငံမှာတော့ လောဘ ဒေါသ မောဟ တွေနဲ့  ပြေးလွှား ယောက်ယက် ခတ်နေ လိုက်ကြရတာ..... အမေမိဘ ဆွေမျိုး ဘာမှ ကို မကြည့်နိုင်ကြတော့ပါဘူးလေ။ ကိုယ့် အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ဖြင့် မိသားစု နွေးထွေးမှု ဆိုတာမျိုး အံ့အောစရာ ကောင်းအောင်ကို မြင်ရတာပါပဲ။


ဘွားဘွားတွေက မေမေတွေ ရိုသေမှုကို ခံယူဖို့ ၊ မေမေတွေကတော့ သားသားမီးမီးတွေရဲ့ ရိုသေမှုကို အသိအမှတ်ပြုကြမယ့် ပွဲလေးပါ။

လောလောဆယ်တော့ ရင်ဘတ်ထဲ ပြည့်ကြပ်နေတယ်။ အမှောင်ထုထဲက အလင်းစက်များ ဘလော့ သက်တမ်း မတိုးနိုင်လို့  လစ် သွားရှာပြီ။ တစ်သက်လုံး ရေးထားသမျှ ကုန်ဘီ။ ကိုယ်ပိုင် ဘ၀ မှာလည်း အချိုးအကွေ့ တွေ ကိုယ့်ဖာသာပဲ လုပ်နေတယ်။ ကိုယ့်လှေကို ကိုယ်တိုင် ပဲ့ကိုင်သင့်ပါပြီလေ။ ပဲခူးရောက်ရောက် တော့ မလုပ်ပါဘူး။ ကိုယ့် ရည်မှန်းချက် တော့ ရောက်အောင် လှော်ရမှာပေါ့။ 


ချမ်းသာတဲ့ မေမေနဲ့  သားသား ဟုတ်ပုံမရပါဘူး။ ဒါပေမယ့် ပျော်ရွှင်မှုတွေ ပီတိတွေ အပြည့်ပါ။ (မှတ်ချက်။.........။ ကိုယ်ပိုင်ကားနဲ့  မောလ်ကို လာဖို့ ရာ ချမ်းသာစရာမလိုပါဘူး နိုင်ငံချမ်းသာရင် ဖြစ်ပါတယ်)

တစ်နေ့ တော့ ကျနော်တို့  နိုင်ငံသားတွေလည်း မိသားစု စုံစုံလင်လင်နဲ့  နွေးထွေးမှုတွေကို ခံစားနိုင်ကြမှာပါလို့  မျှော်လင့်မိပါတယ်ဗျာ။


ကျနော့ဘော်ဒါကျ သူ့ အမေက သူ အသက် ၉ နှစ်မှာကထဲက ဆုံးသွားရှာပြီ။ ဆိုတော့ အဝေးရောက် ကျနော်နဲ့  ၂ ယောက်ထဲ မောလ်ထဲ လှည့်ပတ်သွားရင်း မုန့် ဝယ်ကျွေးတယ်။ မငြင်းပါဘူး. ငြင်းလို့  လည်း ကောင်းဘူးလေ... နော။ အားနာစရာ..... အာ့နဲ့ ၂ တုန်းလုံး နီးပါး စားပစ်လိုက်တယ်။ :D